Thursday, November 13, 2014

ဂျပန်နှင့် အိန္ဒိယ ၀န်ကြီးချုပ်တို့ ဒေသတွင်းလုံခြုံရေးနှင့် ရေပိုင်နက် အငြင်းပွားမှုများ ဆွေးနွေးမည်


မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်လာတဲ့  ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်းဒရာ မိုဒီတို့ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။ အာဆီယံအစည်းအဝေးအတွင်း အာဆီယံနိုင်ငံတွေနဲ့ ဒေသတွင်း လုံခြုံရေးတွေ ပိုင်နက် အငြင်းပွားမှုတွေအရေး ဆွေးနွေးဖို့ တက်ရောက် လာတာပါ။

ဒီနှစ် အာဆီယံ အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေး အငြင်းပွားမှုက စိတ်ဝင် စားမှု များနေတဲ့ ကိစ္စရပ်ပါ။ ဂျပန်လို အာဆီယံမဟာမိတ်နိုင်ငံတွေက တရုတ်ရဲ့ ပင်လယ်ပိုင်နက်အစိတ် အပိုင်းတွေ ပိုင်ဆို်င်မှု ကြေညာချက်အပေါ် တင်းမာမှုတွေ ကြောင့် စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ ကြွယ်ဝတယ်လို့ ယုံကြည်ကြပြီး အရေးပါတဲ့ ပင်လယ်ရေကြောင်းလမ်းတွေ ရှိတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက်အတွက် တရုတ်နဲ့ အာဆီယံ ဒေသတွင်း ၄ နိုင်ငံတို့ကြား အငြင်း ပွားနေပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ကို ရောက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်းဒရာ မိုဒီကတော့ တရုတ်ရဲ့ လွှမ်းမိုးမှု တိုးလာတာကို ရင်ဆိုင်နေရလို့ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေကြား စီးပွားရေးနဲ့ ဗျူဟာမြောက် ဆက်သွယ်ရေးတွေ တိုးမြှင့်ဖို့ ကြိုးစားမှာပါ။

ဂျပန်နဲ့ အိန္ဒိယခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မှာ  ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ညီလာ ခံမှာ ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။

သူတို့နဲ့ အတူ အာဆီယံ ၁၀ နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား သြစတြေးလျနဲ့ ရုရှားခေါင်းဆောင်တွေလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List