Tuesday, November 11, 2014

အာဆီယံနဲ့ G20 အစည်းအဝေးအတွက် သြစီနဲ့ မြန်မာတို့ လုံခြုံရေးတိုးထား


မြန်မာနိုင်ငံမှာ ​မနက်ဖြန်ကစပြီး ​၂၅ ​ကြိမ်မြောက် ​အရှေ့တောင်အာရှ ​ဆိုင်ရာ ​အာဆီယံ ​ထိပ်သီး ​ညီလာခံ ​အစည်းအဝေးစတင်မှာ ​ဖြစ်တဲ့အတွက် ​နေပြည်တော်မှာရှိတဲ့ ​ဟိုတယ်တွေ ​ဧည့်သည်တွေနဲ့ ​ပြည့်ကြပ် ကုန်ပြီ ​ဖြစ်သလို ​လုံခြုံရေးတွေလည်း ​တိုးချဲ့ ​ချထားပြီ ​ဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးသာမက ​အာဆီယံအပြင် ​အမေရိကန်၊ ​တရုတ်၊ ​ဂျပန်၊ ​သြစတြေးလျ၊ ​အိန္ဒိယ ​အစရှိတဲ့ ​နိုင်ငံကြီးက ​ကိုယ်စားလှယ်တွေလည်း ​အာဆီယံ ​အစည်းအဝေးအပြီးမှာ ​လာရောက် ဆွေးနွေးမှုလုပ်ဖို့ ​ရှိတဲ့အတွက် ​အစွမ်းကုန် ​ပြင်ဆင်ထားတာ ​ဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် ​နေပြည်တော်က ​ဟိုတယ်ရဲ့ ​အခန်း ​၇၀% ​က ​လွတ်နေ ခဲ့ပေမယ့် ​ဒီနှစ်မှာတော့ ​ဧည့်သည်တွေနဲ့ ​ပြည့်ကြပ်နေတဲ့အကြောင်း ​Max ​Hotel ​က ​ဧည့်ကြိုဌာနက ​အေပီ ​သတင်းကို ​ပြောပါ တယ်။

Apex ​ဟိုတယ်ကလည်း ​သူတို့မှာ ​အရင်တုန်းက ​အခန်းရဲ့ ​၄၀% ​အထိသာ ​လူရှိခဲ့ပေမယ့် ​အခုအခါမှာတော့ ​အခန်းလွတ်မရှိတော့ဘူးလို့လည်း ​ပြောပါတယ်။

အာဆီယံ ​ညီလာခံအတွင်း ​အင်တာနက်အသုံးပြုမှုတွေ၊ ​ဖုန်းအသုံးပြုမှုတွေ ​သိသိသာသာ ​ထိုးတက်ဖို့ရှိတဲ့ အတွက် ​ဆက်သွယ်ရေး ​ကုမ္ပဏီတွေကလည်း ​ကြိုတင်ပြင်ဆင်နေကြပါတယ်။

အဲဒီညီလာခံအတွက် ​မြန်မာ ​လုံခြုံရေးသမား ​အယောက်ပေါင်း ​နှစ်သောင်းကျော်ကိုလည်း ​ဖြန့်ထားမှာ ​ဖြစ်ပါတယ်။

နိုင်ငံတကာက ​ထိပ်သီးခေါင်းဆောင်တွေ ​လာရောက်မှာ ​ဖြစ်တဲ့အတွက် ​လေဆိပ်မှာ ​လုံခြုံရေး ​တင်းကြပ်ရုံ သာမက ​သင်္ဘောဆိပ်တွေ၊ ​ဟိုင်းဝေး ကားဂိတ်တွေ၊ ​မြို့အဝင်ဂိတ်တွေမှာလည်း ​လုံခြုံရေးတွေ ​တိုးချဲ့ချ ထားတယ်လို့ ​သိရပါတယ်။

အာဆီယံ ​ထိပ်သီးအစည်းအဝေးပွဲကို ​နေပြည်တော်ရှိ ​International ​Convention ​Center ​မှာ ​နိုဝင်ဘာ ​၁၂ ​ရက်ကနေ ​၁၃ ​ရက်နေ့အထိ ​ကျင်းပဖို့ ​ရှိပါတယ်။

ABC

No comments:

Post a Comment

My Blog List