Sunday, July 13, 2014

ငွေလိမ်လည်မှုဖြင့် မီလီယံနာ သူဌေးမတဦးကို သေဒဏ်မှ တသက်တကျွန်း လျော့ပေါ့


တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်မှာ တရားမ၀င်ငွေကြေးလုပ်ငန်းတွေနဲ့ ကြွယ်ဝ ချမ်းသာခဲ့တဲ့ မီလီယံနာ သူဌေးမတဦးကို သေဒဏ်ကနေ တသက်တကျွန်းဒဏ်ကို လျော့ပေါ့ပေးခဲ့ပါတယ်။ပြစ်ဒဏ်လျော့ပေးခံရတဲ့ အသက် ၃၁ နှစ်အရွယ် ၀ူယင်းဟာ၂၀၀၅ ကနေ ၂၀၀၇ အတွင်း ငွေလိမ်လည်မှုတွေနဲ့ ၂၀၀၉ ခုနှစ်က သေဒဏ်ချခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ ဆိုင်းငံ့သေဒဏ်၊ အဲဒီကနေမှ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က တသက်တကျွန်းကို လျော့ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် အသက် ၂၄ နှစ်အရွယ်မှာ ကာရာအိုကေဆိုင်ကြီးတခုကို ၀ယ်ယူခဲ့ပြီး အဲဒါကနေမှ တရားမ၀င်ငွေကြေးလုပ်ငန်းတွေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ကြွယ်ဝခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လူမှုဆက်ဆံရေးကောင်းတယ်။ ဒါပေမယ့် သိပ်စိတ်မရှည်ခဲ့ဘူး။ ကာရာအိုကေလုပ်ငန်းကနေ စတက်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဖြစ်သူက ပြောဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ တရားမ၀င် ငွေကြေးပိုင်ဆိုင်မှုအတွက် သံသယရှိမှုနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

လာမဲ့ ဇူလိုင် ၂၃ ရက်နေ့က စတင်ပြီး ပိုင်ဆိုင်ခဲ့တဲ့ အဆောက်အဦ ၆ လုံးကို အင်တာနက်နေ လေလံပစ်မယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List