Monday, July 14, 2014

ပြည်တွင်းလေကြောင်းလိုင်းများ ချင်းမိုင်ဈေးကွက် ရှာဖွေလာ


ပြည်တွင်းလေကြောင်း လိုင်းများ ပြည်ပခရီးသို့ ပြေးဆွဲ ရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းမိုင်မြို့သို့ ခရီးစဉ် အသစ်တစ်ခုအနေဖြင့် ဈေးကွက် ရှာဖွေလာကြောင်း သက်ဆိုင်ရာလေ ကြောင်းလိုင်းမှ သတင်းရရှိသည်။

ရန်ကုန်-ချင်းမိုင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို အဲပုဂံ၊ အေး ရှားဝေါ စသော ပြည်တွင်းလေ ကြောင်းလိုင်း များက ပြေးဆွဲနေ ပြီး အဲကမ္ဘောဇလေကြောင်း လိုင်း ကလည်း ယခုနှစ်အောက်တိုဘာ တွင် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေ သည်။ လက်ရှိတွင် အေးရှားဝေါ  လေကြောင်းလိုင်းက ယင်းခရီးစဉ်ကို ခေတ္တရပ်နား ထားပြီး ပွင့်လင်းရာသီတွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ   သတင်းရရှိသည်။

မန္တလေး-ချင်းမိုင်-မန္တလေး ခရီးစဉ်ကိုလည်း မန္တလေးအခြေစိုက် ရွှေမြန် မာလေကြောင်းလိုင်းက စင်းလုံးငှား ခရီးစဉ်များ ပြေးဆွဲရန်ရှိကြောင်း  သတင်းရရှိသည်။

 မန္တလေး ရတနာပုံ လေ ကြောင်းလိုင်းသည် မူလကယခု နှစ်ပွင့်လင်းရာသီတွင် ပြေးဆွဲရန် ရှိသော်လည်း ယခုအခါ ပြေးဆွဲ ရန် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ ထားသည်ဟု မန္တလေးရတနာပုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းခရီးစဉ်များကို ပြေးဆွဲ ရန် စီစဉ်ရခြင်းမှာ ဈေးကွက်အရပြည်တွင်းမှ လေကြောင်းလိုင်း အဆင်းများသော ခရီးစဉ်ကိုရွေး ချယ် ပြေးဆွဲခြင်းဖြစ်သည်ဟု အဲကမ္ဘောဇမှ အထွေထွေမန်နေဂျာဦးမြတ်သူက ပြောသည်။

‘‘အခုကတော့ ခရီးသည်က တော့ ပုံမှန်လို့ ပြောလို့ရတယ်။ နောက်ပိုင်းမှာ လေကြောင်းလိုင်း တွေလည်း များလာမယ်။ အချိန် မရွေးသွားရတာ လွယ်ကူလာမယ် ဆိုရင်တော့ ဒီခရီးစဉ်က ခရီး သည်တိုးတက်လာနိုင်မှာပေါ့’’ဟု အေးရှားဝေါလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ် သည်။

ထိုင်းနိုင်ငံခရီးစဉ်တစ်ခုဖြစ် သော ရန်ကုန်မှ ဘန်ကောက်ခရီး စဉ်တွင် မြန်မာမှ MAI နှင့် ရွှေ မြန်မာလေကြောင်းလိုင်းတို့အပါ အဝင် ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းက ပြေးဆွဲလျက်ရှိနေ သည်။

ပြည်ပလေကြောင်းလိုင်း များစွာ ပြေးဆွဲနေသောကြောင့် ရန်ကုန်-ဘန်ကောက် ခရီးစဉ် တွင် ဈေးကွက်ယှဉ်ပြိုင်မှုများစွာ လည်း ရှိနေသည်ဟု MAI မှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ထို့အတူ ပြည်တွင်း လေ ကြောင်းလိုင်းများ ပြည်ပခရီးစဉ် ပြေးဆွဲရန် စီစဉ်ရာတွင် ဂျပန် နိုင်ငံ ခရီးစဉ်ကို ပြေးဆွဲနိုင်ရေး ဦးတည်လျက်ရှိသည်။

ယခုနှစ်တွင် MAI က ရန်ကုန်မှ ဂျပန်တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေသကဲ့သို့ နိုင်ငံပိုင် မြန်မာ့လေကြောင်းက ၂၀၁၅ ခုနှစ်တွင် ပြေးဆွဲရန် စီစဉ်နေသည်။

7Day News Journal

No comments:

Post a Comment

My Blog List