Wednesday, July 16, 2014

သမ္မတကို ဆန္ဒပြသည့် သတင်းထောက်များ ပြန်တောင်းပန်ပါက ကျေအေးပေးမည်ဆိုသည်မှာ မဟုတ်ဟု ဦးရဲထွဋ်ပြော


သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြခဲ့သော သတင်းထောက်များ သမ္မတအား တောင်းပန်ပါက   အမှုဖွင့် ထားခြင်းကို ကျေအေးပေးရန်ရှိကြောင်း ပြောဆိုခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ   ဦးရဲထွဋ်က   ပြောသည်။

‘‘ကျွန်တော်က ကျေအေးဖို့ ပြောတယ်ဆိုပြီး တက်နေတဲ့သတင်းတွေ မှန်ကန်မှုမရှိပါဘူး။ အဲ ဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန် တော့်အကြောင်း မှန်းဆရေးသား နေတာတွေဟာလည်း မှန်ကန်မှု မရှိပါဘူး။ တချို့အင်တာနက်မှာ ရေးထားသလို လူမှုကွန်ရက်မီဒီယာပေါ်က ထွက်ပြေးသွားပြီဆိုတာလည်း မဟုတ်ကြောင်း တင် ပြလိုပါတယ်’’ ဟု ၎င်းက ပြောသည်။ 

ယူနတီသတင်းထောက် ငါးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့ခြင်း ကြောင့် ဇူလိုင် ၁၂ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန၌ သမ္မတ ဦးသိန်းစိန်ကို ရန်ကုန်အခြေစိုက် သတင်းထောက်များက အသံတိတ် ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြမှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်ရဲစခန်းက ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်မှု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

‘‘သတင်းထောက်တွေကို လူနဲ့ နာမည် တွဲမသိတဲ့အတွက် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြန်စိစစ် နေပါတယ်။ တကယ်ဆန္ဒဖော်ထုတ်သူကိုပဲ အမှုဖွင့်မှာဖြစ်ပြီး သတင်းယူတဲ့သူတွေကိုတော့ အမှုမဖွင့်ပါဘူး။ အခု ကျွန်တော်တို့ လူနဲ့   နာမည်တွဲသိထားတာ အောင်သူရတို့၊ ရွှေမှုန်တို့၊ ဖိုးတုတ်တို့ပဲ ရှိသေးတယ်။ အားလုံး စိစစ် ပြီးတာနဲ့ ကာယကံရှင်တွေရဲ့ နာမည်နဲ့ လိပ်စာအတိုင်း သမ္မန်စာ ပို့မှာဖြစ်ပါတယ်။ ဒီသမ္မန်စာကို ဂျာနယ်တိုက်တွေကို မပို့ပါဘူး။ ဒါက ဂျာနယ်တိုက်တွေနဲ့ မဆိုင်ဘဲ ကာယကံရှင်တွေနဲ့ပဲ သက်ဆိုင်လို့ပါ’’ ဟု ကမာရွတ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောသည်။

ယခု အမှုအတွက် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့က တစ်စုံတစ်ရာ ညွှန်ကြားဖိအား ပေးခြင်းမရှိဘဲ ခွင့်ပြုချက်မဲ့ ဆန္ဒ ဖော်ထုတ်ခြင်းကြောင့်သာ တရားစွဲခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်းထောက်များကို ပုဒ် မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းအတွက် နယူးယောက်အခြေစိုက် သတင်းထောက် များ ကာကွယ် ရေးအဖွဲ့(CPJ)က ကန့်ကွက် ကြောင်း ထုတ်ပြန်ထားပြီး နိုင်ငံတကာအလှူရှင်အဖွဲ့အစည်း များအနေဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်းဖြင့် ဖိအားပေး ရန် ပြောကြားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List