Friday, July 18, 2014

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လူမှုကွန်ရက်မီဒီယာခေါင်းစဉ်ဖြင့် ဆွေးနွေးမည်


တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လူမှုကွန်ရက်မီဒီယာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူမှုကွန် ရက်မီဒီယာအတွက် စိန်ခေါ်မှုနှင့် အနာဂတ်အလားအလာတို့ကို နိုင် ငံတကာအဖွဲ့အစည်းများ၊ နယ်ပယ်စုံမှ ပညာရှင်များနှင့် နိုင်ငံ ရေးတက်ကြွ လှုပ်ရှားသူများကဦး ဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲကို ဇူလိုင် ၂၀ တွင် MICT Park၌ ကျင်းပမည် ဖြစ်ပြီး လူမှု ကွန်ရက်မီဒီယာ၏အ ခန်းကဏ္ဍနှင့် တာဝန်ယူမှု၊ လူမှုကွန်ရက်မီဒီယာအတွက် စိန်ခေါ်မှုနှင့်အနာဂတ်၊ လူမှုကွန်ရက်မီဒီယာကို အကောင်းဆုံး အသုံးချခြင်းစသည့်ခေါင်းစဉ်များကိုဆွေး နွေးမည်ဖြစ်သည်။

ဘာသာရေး၊ လူမျိုးရေးဆိုင် ရာလှုံ့ဆော်မှုများကို ပြုလုပ်သည် ဟုဆိုကာ မြန်မာပြည်တွင်းဖေ့စ်ဘွတ်ခ် အသုံးပြုမှုကိုအစိုးရက ဖေ့စ်ဘွတ်ခ်နှင့် အင်တာနက်ဝန် ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ စောင့်ကြည့်သွားမည် ဟုပြောကြားထားပြီးနောက်ယခု ကဲ့သို့ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်လာခြင်းဖြစ် သည်။

‘‘အခုဖေ့စ်ဘွတ်ခ်ကို အစိုးရ နဲ့ ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေက စောင့်ကြည့်မယ်လို့ပြောတယ်။ ဒါအစိုးရနဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ တို့ကြား ဘယ်လိုသဘောတူညီမှု တွေရှိထားလဲဆိုတာအစိုးရဘက်က ထုတ်ပြန်မရှင်း လင်းဘူး။ လှုံ့ ဆော်မှုတွေကို နာမည်နဲ့ ပုံအစစ် အမှန်သုံးထားတဲ့သူတချို့ဖေ့စ် ဘွတ်ခ်မှာတင်နေတာ ကျွန်တော် တို့သိတယ်။ အပြင်မှာလည်း ဒီလူ တွေလှုံ့ဆော်နေတာကိုလက်ညှိုး ထိုးပြလို့ရတယ်။ ဒါတွေကို အရင် မလုပ်ဘဲ ဖေ့စ်ဘွတ်ခ်ကိုစောင့် ကြည့်မယ်ဆိုတာ မရောင်ရာဆီ လူးတာလို့မြင်တယ်’’ဟု ဘလော့ ဂါနေဘုန်းလတ်ကပြောသည်။

ဘလော့ဂါ နေဘုန်းလတ်သည် လူမှုကွန်ရက်များတွင် အမုန်းတရားကို ကြီးထွားစေသောရေးသားလှုံ့ဆော် မှုများကိုတားဆီးရန် ပန်းစကား လှုပ်ရှားမှုကိုစတင်ခဲ့သူလည်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဘ လော့ဂါ နေဘုန်းလတ် အပါအ ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊နယ်ပယ်အသီး သီးရှိ ကျွမ်းကျင်သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ဆွေး နွေးမည်ဖြစ်ပြီး စိတ်ဝင်စားသူများတက် ရောက်ဆွေးနွေးနိုင်ကြောင်းဖိတ် ခေါ်ထားသည်။

7Day News Journal 

No comments:

Post a Comment

My Blog List