Monday, July 14, 2014

တက္ကသိုလ်ပညာဈေးကွက် အပြောင်းအလဲ


ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၏ အောင်မြင်မှုကြီးတစ်ခုမှာ အဆင့်မြင့်ပညာရေး (တက္ကသိုလ် ပညာရေး)နှင့် ပတ်သက်သည်။ တစ်ချိန်က အထက်တန်းလွှာတစ်စုသာ ရယူနိုင်သော အခွင့်အရေးကို အစိုးရ၏ထောက်ပံ့မှု များကြောင့် လူလတ်တန်းစားတွေ ရယူခံစားခွင့်ရလာခဲ့သည်။

ယခုနှစ်နွေတွင် အမေရိကန် သုံးသန်းခွဲ နှင့် ဥရောပတိုက်သား ငါးသန်းတို့ဘွဲ့ရကြမည်။ ကမ္ဘာ့ထွန်းသစ် စနိုင်ငံများတွင်လည်း တက္ကသိုလ်တွေ တိုးပွားနေသည်။ တရုတ်နိုင်ငံတွင် အနှစ် ၂၀ အတွင်း တက္ကသိုလ် ကျောင်းဝင်ခွင့် သန်း ၃၀ ကျော် တိုးလာခဲ့သည်။ ဂရိခေတ်တွင် အရစ္စတို တယ်လ်ကအေသင်တွင်စတင် သင်ကြား ချိန်မှစ၍ပညာသင်လောကသည် အပြောင်းအလဲမရှိ။ လူငယ်တွေက သတ်မှတ်ထားသည့် အချိန်၊ သတ်မှတ်ထားသည့်နေရာတွင်စုဝေးကာ ဆရာများထံပညာရယူ ဆည်းပူကြသည်။

ယခုအခါ တက္ကသိုလ်ပညာလောကတွင် တော်လှန်ရေးကြီးတစ်ရပ်သဖွယ် အပြောင်းအလဲတွေ အလျင် အမြန်ဖြစ်ပေါ်နေပြီ။ ထိုသို့ အပြောင်းအလဲ ဖြစ်ရခြင်းမှာ စရိတ်တွေတိုးလာခြင်း၊ ၀ယ်လိုအား တိုးလာခြင်း နှင့် နည်းပညာအပြောင်းအလဲများဖြစ်ပေါ်လာခြင်းတို့ကြောင့် ဖြစ်သည်။ သို့ဖြစ်၍ တက္ကသိုလ် ပညာရေး လောကကို ပြန်လည်ဆန်းသစ် တီထွင်ကြတော့မည် ဖြစ်သည်။

တက္ကသိုလ်ပညာရေးလောကတွင် လုပ်သားများများသုံးရသော ကဏ္ဍ၌ ထုတ်လုပ်မှုစွမ်းအားတက်မလာဘဲ စရိတ်တက်မည့် အလားအလာနှင့် တွေ့ကြုံနေရသည်။ မော်တော်ကားတွေ၊ ကွန်ပျူတာတွေက အစအစစ အရာရာဆိုသလို သိသိသာသာကြီးဈေးကျနေချိန်တွင် ပြည်သူလူထုက ငွေကြေးထောက်ပံ့ထားသော ဘွဲ့ တွေအလိုက် အထူးလစာတွေပေးနေရသော တက်္ကသိုလ်များက ယခင်ဝန်ဆောင်မှုမျိုးကိုပင် အခကြေးငွေပို ၍ရယူနေကြ၊ ပေးနေကြရသည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း အမေရိကန်နိုင်ငံ၌ တက္ကသိုလ်တက်လျှင် ကုန် ကျသည့်စရိတ်သည် နှစ်စဉ်ငွေဖောင်းပွနှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်း ပို၍မြင့်မားသည်။ကျောသား အများစုအတွက် တက်္ကသိုလ်တက်ခြင်းသည် ဧရာမ အခွင့်အရေးကြီးတစ်ရပ်ဖြစ်သည်။ တက္ကသိုလ်ဘွဲ့ တစ်ခုရလျှင် တစ်သက်တာဝင်ငွေသည် ဒေါ်လာငါးသိန်းကိုးသောင်းမျှ တိုးသွားနိုင်သည်ဟု လေ့လာချက် တစ်ရပ်က ဆို သည်။ သို့သော် ကြွေးတင်နေကြသော အမေရိကန်ကျောင်းသား ၄၇ ရာခိုင်နှုန်း နှင့် ဗြိတိန် ကကျောင်းသား ၂၈ ရာခိုင်နှုန်းသည် ဘွဲ့ရသည်အထိ ကျောင်းမတက် နိုင်သဖြင့် ပေးရကျိုးမနပ်ဟု ဆိုနိုင် သည်။ အစိုးရကလည်း ထောက်ပံ့ကြေးတွေ တိုးမပေးချင်တော့။

ငွေဖောင်းပွမှုကို ဖယ်ပြီးသည့်တိုင် သင်တန်းကြေးက ၂၀ရာခိုင်နှုန်း တက်နေချိန်တွင် အစိုးရက ကျောင်း သားတစ်ဦးချင်းကို ထောက်ပံ့ငွေသည် ၂၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၀ က အခမဲ့ နီးနီး ပညာသင်ကြားခွင့်ရသော ဗြိတိန်တွင် ယခုအခါ ဒေါ်လာ ၁၅,၀၀၀ ခန့်ပေးနေရပြီ။

ဒုတိယ အကြောင်းတရားမှာ လုပ်သားဈေးကွက်နှင့် ပတ်သက်သည်။ သာမန်အားဖြင့် အသက် ၂၀ ကျော် တွင် တက္ကသိုလ် တက်လေ့ရှိသည်။ ဘွဲ့တစ်ခုရှိမှသာ လုပ်ငန်းခွင့်ဝင်ရန် အဆင်ပြေမည်။ သို့သော် အလိုအ လျောက်စက်တွေက ကာယလုပ်အားကိုသာမက ဥာဏလုပ်အားလောက အပေါ်ကိုပါ အကျိုးသက်ရောက် မှုရှိသည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ လေ့လာချက်အရ နောင်အနှစ်ငါးဆယ်ခန့်တွင် လက်ရှိ အလုပ်အကိုင် ၄၇ ရာခိုင်နှုန်းကို အလိုအလျောက်စက်သုံးမည့် အန္တရာယ် ရှိသည်။

တီထွင်ဆန်းသစ်မှုများကြောင့် အချို့ အလုပ်တွေ ပြုတ်ကုန်မည်။ အချို့က အလုပ်များတွင် အပြောင်းအလဲ ဖြစ်မည်။ သို့ဖြစ်ရာ လူများသည် ၎င်းတို့၏ဘ၀တစ်သက်တာလုံး ၎င်းတို့၏ လူ့စွမ်းအား အရင်းအနှီးတွေကို အမြဲဖြည့်တင်းနေရန် လိုအပ်မည်။

ထိုအကြောင်းတရား နှစ်ခုကို ပေါင်းစပ်လိုက်သောအခါ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေနိုင်သည်။ ထို့ အပြင် တတိယအကြောင်းတရားကြောင့်လည်း အပြောင်းအလဲတွေကို ခိုင်မာစေသည်။ အင်တာနက်က သတင်းစာအစ၊ ဂီတ အလယ်၊ စာအုပ်ရောင်းလုပ်ငန်းအဆုံး အစစအရာရာကို ပြောင်းပြန်လှန်ပစ်ရာ တက္ကသိုလ်ပညာရေး အဆောက်အအုံများကိုလည်း ဒုက္ခပေးနိုင်သည်။ ယခုအခါ အများပြည်သူတို့ အတွက် အင်တာနက်သုံး အဝေးသင် သင်တန်းများ (Mass Open Online Course) က ကျောင်းသားများ တက္ကသိုလ်မသွားပဲ သင်ခန်းစာများကို နားထောင်နိုင်၊ ကြည့်ရှုနိုင်ကြသည်။ စရိတ်စကလည်း တက္ကသိုလ် လောက် မကုန်ကျဘဲ ဘွဲ့ဒီဂရီများကို ရယူနိုင်ကြသည်။

ထိုအွန်လိုင်းသုံး အဝေးသင်စနစ်ကို ၂၀၀၈ ခုနစ်က စတင်ကျင့်သုံးခဲ့သော် လည်း ပြောသလောက် လုပ်ပေး နိုင်ခြင်း မရှိပေ။ အထူးသဖြင့် အဝေးသင် အွန်လိုင်းဘွဲ့ကို အသိအမှတ်ပြုမည့် တရားဝင် စနစ်တစ်ခု မရှိ သေးပေ။ သင်တန်းကို ပြီးဆုံးအောင် မတက်နိုင်ပဲ တစ်ဝက်တစ်ပျက် ကျောင်းထွက်ရသည့်နှုန်းကလည်း မြင့်မားသည်။ သို့သော်လည်း အင်တာနက်သုံးအဝေးသင် သင်တန်းများကို ရင်းနှီးမြှုပ်နှံသူများ၊ လက်ရှိ တက်္ကသိုလ်များက စိတ်ဝင်စားလာကြသည်။ ဥပမာ Coursera ဆိုလျှင် အသုံးပြုသူ ရှစ်သန်းရှိသည်။ သင် တန်းကို အခမဲ့ တက်ရောက်ခွင့် ပြုသော်လည်း သင်တန်းဆင်း လက်မှတ်ကို ဒေါ်လာ ၃၀ မှ ၁၀၀ အတွင်း ပေး၍ရယူခွင့်ပြုရာ ယခင်နှစ်က ဒေါ်လာ တစ်သန်း ရရှိခဲ့သည်။

AT&T နှင့် Georgia Technology တို့ ပေါင်း၍ ဆောင်ရွက်သော Udacity သည် ကွန်ပျူတာမဟာဘွဲ့များ ကို ပြင်ပတက္ကသိုလ်များတွင် သွားရောက်တက်သည်ထက် သုံးပုံတစ်ပုံသာ ကုန်ကျသောနည်းဖြင့် ပို့ချ သည်။ ဟားဗဒ်တက္ကသိုလ်ကလည်း ဒေါ်လာ ၁,၅၀၀ ယူကာ အမ်ဘီအေဘွဲ့ကြို သင်တန်းများပေးမည်။ စတားဘတ် ကုမ္ပဏီက ၀န်ထမ်းများကို စရိတ်အကုန်ခံ၍ အရီဇိုးနားတက္ကသိုလ်မှ အွန်လိုင်း ဘွဲ့ဒီဂရီကို တက်ရောက်ရယူစေသည်။

အွန်လိုင်းမှ ဘွဲ့ပေးသည့် စနစ်ကြောင့် တက္ကသိုလ်အမျိုးမျိုးကို အကျိုးအမျိုးမျိုးပေးမည်။ တက္ကသိုလ်အားလုံး တော့ ဒုက္ခရောက်မည်မဟုတ်။ အောက်စ်ဖို့ဒ်နှင့် ဟားဗဒ်လို နာမည်ကြီးတက်္ကသိုလ်တွေ အကျိုးရှိမည်။ ရည်မှန်းချက်ကြီးမားသောသူများသည် အခြားသောဒိတ်ဒိတ်ကျဲ ပုဂ်္ဂိုလ်များနှင့်တွေ့ဆုံနိုင်ရန် အကောင်းဆုံး တက်္ကသိုလ်များသို့သွားလိုကြသည်။ ထို့ကြောင့် နာမည်ကြီး အွန်လိုင်းတက္ကသိုလ်သင်တန်းများ အကျိုးရှိနိုင် သည်။ ၎င်းတို့ အမည်ကို ကမ္ဘာတစ်လွှားတွင်ဖြန့်ကျက်ကာ သင်တန်းသားရယူနိုင်သည်။ သို့သော် သာမန် တက္ကသိုလ်တွေက သတင်းစာတွေ နောက်သို့လိုက်ရမည်။ ပညာရေးဈေးကွက်တွင်လည်း လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ခန့် အတွင်းတွင် ၀င်ငွေတစ်ဝက်ခန့် လျော့လာကာ အလုပ်အကိုင် ၃၀ရာခိုင်နှုန်းကျဆင်းပြီး တက်္ကသိုလ် ၇၀၀ ခန့် ပိတ်ခဲ့ရသည်။ ကျန်တက္ကသိုလ်များ ဆက်လက်ရပ်တည်ရန် တီထွင်ဆန်းသစ်မှုများ လုပ်ရမည်။

လျင်မြန်သော ပြုပြင်ပြောင်းလဲရေးများ၊ တော်လှန်ရေးများကဲ့သို့ပင် ပညာရေးကဏ္ဍအပြောင်းအလဲတွင် လည်း ထိခိုက်နစ် နာမှုများ၊ ထိခိုက်နစ်နာသူများရှိသည်။ ဆူကြုံနိမ့်မြင့် ကွာဟမှုတွေကြီးမားလာစေနိုင် သည်။ တက်္ကသိုလ်၏ပြင်ပတွင် ပညာသင်ကြားသည့်အခါ ထူးချွန်သည့်သူတွေအတွက် ပို၍အဆင်ပြေ သည်။ နာမည်ကြီးဆရာတွေအတွက် ၀င်ငွေပိုကောင်းစေနိုင်သည်။

ဤအပြောင်းအလဲတွေ ရပ်တန့်စေရန် နိုင်ငံရေးသမားတွေကို ဖိအားပေးခံရမည်။ အစိုးရ၏ အထောက် အပံ့သည် လူ့အဖွဲ့ အစည်းတစ်ခုလုံးကို အကျိုးပြုရန်လိုသည်။ ပါမောက်္ခတွေကို ပြိုင်ဆိုင်ခိုင်းရန် လိုသည်။ တက်္ကသိုလ်တွေကို ပြုပြင်ပြောင်းလဲမှု လုပ်လျှင် ထိခိုက်နစ်နာသူထက် အကျိုး ရှိသူတွေပိုများမည်။ ချမ်းသာ သည့် နိုင်ငံများမှ ကျောင်းသားများသည် တက္ကသိုလ် ပညာရေးကို စရိတ်သက်သာစွာဖြင့် မပင်မပန်းရယူ ဆည်းပူးနိုင်ကြမည်။ အွန်လိုင်း တက်္ကသိုလ် စနစ်ကြောင့် ပညာဆက်လက်သင်ကြားလိုသော သက်ကြီး ရွယ်အိုတွေ အတွက်လည်း အဆင်ပြေသည်။ Edx ခေါ် အွန်လိုင်းတက်္ကသိုလ် တက်ရောက်နေသော အမေ ရိကန် ကျောင်းသားများသည် အသက် ၃၁ နှစ်ဝန်းကျင်ရှိသည်ဟု ဆိုသည်။ ဘရားဇီးလို ထွန်းသစ်စနိုင်ငံ များက အနောက်နိုင်ငံများကို ခုန်ပျံကျော် လွှားပြီး အမီလိုက်ကာ စရိတ်သက်သာစွာ တက္ကသိုလ်ပညာရေး သင်တန်းများ ပေးနိုင်မည်။ ယခုအခါ ပညာရေးဈေးကွက်သည် ကမ္ဘာနှင့်ချီသောဈေးကွက်ဖြစ်ရာ မက်ဆာ ချူးဆက်နည်းပညာတက်္ကသိုလ် (MIT) ဆိုလျှင် မွန်ဂိုလီးယားမှ ဆယ်ကျော်သက် ပါရမီရှင်ကို အင်တာနက် အီလက်ထရွန်း နစ်သင်တန်းတွင် တွေ့ရှိရသည်။

အစိုးရက စနစ်ဟောင်းကို ဆက်လက်ထောက်ပံ့နေမည့်အစား စနစ်သစ်ကို ပိုမိုကောင်းမွန်အောင်ဆောင် ရွက်ရန် အီကောနောမစ်မဂ္ဂဇင်းကြီးက အကြံပြုသည်။ ဘွဲ့လက်မှတ်များအတွက် တူညီသော စံချိန်စံညွှန်း တွေကို ချမှတ်ပေးနိုင်သည်။

ဘရာဇီးတွင် သင်တန်းပြီးဆုံးသည့် ကျောင်းသားများသည် အစိုးရက စစ်ဆေးသောစာမေးပွဲကို ဖြေဆိုရ သည်။ အနောက်နိုင်ငံများသည်လည်း လွတ်လပ်သောအဖွဲ့ အစည်းတစ်ခုတည်ထောင်ကာ စာမေးပွဲ စစ်ဆေးခြင်း၊ အရည်အချင်းကို အသိအမှတ်ပြုခြင်း ပြုလုပ်နိုင်သည်။

ရှေးဟောင်းအဆောက်အအုံတစ်ခုကို ပြန်လည်တည်ထွင်ရန်မှာ မလွယ်ကူလှပေ။ သို့သော် ထိုသိုပြန်လည် တီထွင်နိုင်လျှင် အများပြည်သူတို့ အတွက် မြင့်မားသော ပညာရေးကိုရယူနိုင်မည်။ လူအများကောင်းမွန် သော ပညာရေးရယူရန် လိုအပ်လည်းလိုအပ်သကဲ့သို့ အခွင့်အလမ်းကောင်း တစ်ရပ်လည်း ဖြစ်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List