Friday, July 18, 2014

အာရုံနောက်လို့ ဗီဒီယိုမရိုက်ပေမယ့် ဇာတ်လမ်းတွဲရိုက်မယ့် န၀ရတ်


Art & T8အမည်ဖြင့်ဖွင့်လှစ်ထားသော ဆံပင်အလှပြုပြင် ရေးဆိုင်နှင့်သာအချိန်ကုန်နေသော သရုပ်ဆောင် န၀ရတ်က ဗီ ဒီယိုဇာတ်ကားများ လုံးဝရိုက်ကူး မည်မဟုတ်သော်လည်း ဇာတ်လမ်းတွဲရိုက်ကူးရန် စိတ်ဝင် စားသည်ဟု ဆိုသည်။


‘‘ဗီဒီယိုတော့ လုံးဝမရိုက် ဘူး။ အာရုံနည်းနည်းနောက်တာ နဲ့။ ဇာတ်လမ်းတွဲလေးတွေကို တော့ နည်းနည်း စိတ်ဝင်စားတယ်။အခုခေတ်ပုံစံမျိုး၊ ကိုယ်နဲ့ လိုက် ဖက်ပြီး အံဝင်ခွင်ကျဇာတ်ပေါ့။ကိုယ့်စိတ်တိုင်းကျလုပ် ရမယ့် ဇာတ်မျိုးပေါ့။ ကျန်တဲ့ဟာတွေတော့ အရင်ကလိုတော့ မရိုက်ဖြစ်တော့ ဘူး’’ဟု န၀ရတ်ကပြောသည်။

ဇာတ်လမ်းတွဲအနေဖြင့် SkyNet ရုပ်သံလိုင်းနှင့် အပိုင်း ၁၅ ပိုင်းခန့်ပါဝင်မည့် ဇာတ်လမ်းတွဲ တစ်ခုရိုက် ကူးရန် ပြောဆိုထားကြ ပြီး သြဂုတ်(သို့) စက်တင်ဘာ တွင် ရိုက်ကူးဖြစ်မည်ဖြစ်ပြီး ဇာတ်လမ်းကြိုက်သည့် အတွက် ရိုက်ကူးဖြစ်ခြင်းဖြစ်ကြောင်း န၀ ရတ်ကပြောသည်။

ထိုဇာတ်လမ်းတွဲတွင် ခပ်ကြမ်းကြမ်း မိန်းကလေးတစ် ယောက်အဖြစ် သရုပ်ဆောင် ရမည်ဖြစ်ပြီး မင်းသမီး အသား ပေးဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

Art & T8 ဆိုင်ရန်ကုန်တွင် အောင်မြင်သည့်အတွက် မန္တလေးတွင်လည်း ဆိုင်ခွဲဖွင့်လှစ်မည်ဖြစ် ကြောင်း န၀ရတ်ကပြောသည်။

ထို့အပြင် န၀ရတ်ပိုင်သော ငွေလမင်းဗီဒီယို၊ ရုပ်ရှင်ထုတ် လုပ်ရေးကိုလည်း ပိတ်သိမ်းလိုက် ပြီး ထွက်ရှိရန် ကျန်ရှိနေသော ဗီဒီယိုကားများကို လက်ကီးဆဲဗင်း နှင့် ခရေဖြူထုတ်လုပ်ရေးကို လွှဲ ပေးလိုက်ကာမလေးရှား တွင် ရိုက် ကူးခဲ့သော ‘‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’’ရုပ်ရှင်ကားကိုသာ ငွေလမင်းထုတ်လုပ်ရေးအနေဖြင့် ထွက်ရှိလာမည်ဟုဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List