Wednesday, July 16, 2014

သမ္မတကို အသံတိတ်ဆန္ဒပြသည့် သတင်းထောက်များကိုသာ ဓာတ်ပုံမှတ်တမ်းဖြင့် စိစစ်အရေးယူမည်


“မီဒီယာဖိနှိပ်မှုရပ်” စာသားပါ တီရှပ်ဝတ်ဆင်ကာ သတင်းယူခွင့်မပြု၍ ဆန္ဒပြသူများထဲမှ သတင်းထောက် ၅၀ ဦးကို အရေးယူမည်ဟုဆိုခဲ့သော်လည်း အမှုကိုင်အရာရှိ ဒုရဲမှူး မောင်မောင်ဦးကမူ အသံတိတ်ဆန္ဒပြ သူများကိုသာ ဓာတ်ပုံမှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးအရေးယူမည်ဟု  ပြောသည်။

ထိုသို့ ဖော်ထုတ်ရာတွင်ရဲသတင်းတပ်ဖွဲ့များ၏ ရဲလုပ်ထုံးလုပ်နည်းဖြင့်သာ စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး သတင်းဌာနများသို့ ၀င်ရောက်ကာ စစ်ဆေးခြင်းများ ပြုလုပ်မည်မဟုတ်ဟု ၎င်းက ပြောသည်။

လတ်တလောတွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ၁၈ဖြင့် တရားစွဲဆိုမည့် သတင်းထောက်ဦးရေ စာရင်းကို ၅၀ ဦးဟု ခန့်မှန်း ထုတ်ပြန်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်ကမူ ကြွေးကြော်သံများမပါဘဲ အသံတိတ်ငြိမ်သက်စွာ ဆန္ဒပြခြင်းသည် ပုဒ်မ ၁၈ ဖြင့် ငြိစွန်းသည်ဟူ၍ တိကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိဟု သုံးသပ်သည်။

ဦးရောဘတ်စန်းအောင်က“အသံတိတ် မတ်တတ်ရပ်တာကို ပုဒ်မ ၁၈ နဲ့ ငြိတယ်လို့ ဘယ်အဘိဓာန်မှာမှ မပြောထားဘူး။ ဥပဒေကြောင်းအရ တရားရုံးက အဆုံးအဖြတ်ပေးမှသာ တရားစွဲဆိုလို့ရတာပါ”ဟု ပြော သည်။

တရားရင်ဆိုင်ရရန်ရှိသည့် သတင်းထောက်များကို ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာအဖွဲ့အစည်းများက လည်းအကူအညီပေးရန် စီစဉ်နေကြသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က“ သတင်းထောက်တစ်ဦးတည်းကို ကွက်ပြီး ခေါ်စစ်တာမျိုး မလုပ်သင့်ပါဘူး။ အာဏာပိုင်နဲ့ ဖြေရှင်းတဲ့ အပိုင်းမှာလည်း သတင်းထောက် အားလုံးစခန်းကို သွားပြီး ပူးပေါင်းဖြေရှင်းဖို့ အသိပေးထားတယ်”ဟု ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List