Wednesday, July 16, 2014

တိုင်းရင်းသားတော်လှန်ရေးတပ်များဟုသုံး၍ ဒေါ်နန်းဝါနုကို ဦးရွှေမန်း သတိပေး


မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်တို့အကြား ဇွန်လ ၂၆ ရက်မှ ယနေ့အထိ တိုက်ပွဲများဖြစ် ပွားနေခြင်း ကိစ္စအား ဆွေးနွေးရာတွင် “တိုင်းရင်းသားတော်လှန်ရေးတပ်များ” ဟူသော အသုံးအနှုန်းသုံး ခဲ့သူ ပြည်သူ့လွှတ်တော် အမတ် ဒေါ်နန်းဝါနုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ခဲ့သည်။

သူရဦးရွှေမန်းက “ဒီနေရာမှာ ဒေါ်နန်းဝါနုသုံးထားတဲ့ စကားလုံးကိုပြန်ပြီးတော့ အားလုံးသုံးသပ်နိုင်အောင် လို့ပါ။ “တော်လှန်ရေးအင်အားစု” ဆိုတာ ကျွန်တော်တို့သုံးတာက တိုင်းရင်းသား လက်နတ်ကိုင်အဖွဲ့ အစည်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းက “တော်လှန်ရေးအဖွဲ့အစည်းဆိုရင် တစ်မျိုးအဓိပ္ပာယ်သက်ရောက်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို လည်း ထိခိုက်စေနိုင်ပါတယ်။ နောင်ဒီလို အသုံးအနှုန်းမသုံးစွဲဖို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို သတိပေးပါတယ်"ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ဒေါ်နန်းဝါနုက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်နေချိန်တွင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်အား ထိခိုက်ပျက်ပြား စေနိုင်မည့် ကိစ္စဖြစ်သော မြန်မာ့ တပ်မတော်စစ်ကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်များကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ရေးလှုပ်ရှားမှုများကို ချက်ခြင်းရပ်တန့်ပေး၍ ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဖြေ ရှင်းပါ"ဟု ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List