Monday, July 14, 2014

မြန်မာမီးရထားက Dry Port ၂ ခု တည်ဆောက်မည်


ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်က စပြီး Dry Port ခေါ် ကုန်းတွင်းဆိပ် ၂ ခုကို ရန်ကုန်နဲ့ မန္တလေးမှာ အကောင်အထည် ဖော်သွားမယ်လို့ ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ဒီလို Dry Port တည်ဆောက်ရခြင်းဟာ ပင်လယ်ကူး သင်္ဘောတွေ နဲ့ ဆိုက်ရောက်လာတဲ့ ကွန်တိန်နာတွေ ရန်ကုန်ရောက်တဲ့အခါ ကားနဲ့ အဆင့်ဆင့် သယ်ယူနေရာကနေ ရထားလမ်းကြောင်း ကနေ အလွယ်တကူ သယ်နိုင်အောင် လုပ်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကနဦးစီမံချက်အနေနဲ့ ရန်ကုန် ရွာသာကြီးဘူတာနားမှာ တခု၊ မန္တလေး မြစ်ငယ်ဘူတာအနားမှာ တခု  Dry Port ၂ ခု အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် လာမယ့် သြဂုတ်လထဲမှာ လုပ်ငန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်မှာ ဖြစ်ပြီး စက်တင်ဘာထဲမှာ လုပ်ငန်းစတင် အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်ဆိုရင် ကွန်တိန်နာတွေကို ရထားလမ်းကနေတဆင့် မြန်မာနိုင်ငံအနှံ့ လွယ်လွယ် ကူကူ ပို့ဆောင်နိုင်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

My Blog List