Thursday, July 17, 2014

သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲ၊ မြို့နယ်တရားရုံး လက်မခံ၍ ခရိုင်၊ တိုင်းသို့ ဆက်တက်မည်



မဟာသန္တိသုခကျောင်း တိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရ သော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရာ ဗဟန်းမြို့ နယ်တရားရုံးက ပယ်ချလိုက် သော်လည်း ခရိုင်၊ တိုင်းအဆင့်ဆင့်ထိ အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း အင်္ဂလန်ဆရာ တော် ဦးဥတ္တရက မိန့်ကြားသည်။
ဇူလိုင် ၁၆ ရက်တွင် အမှု ရင်ဆိုင်နေရသော အင်္ဂလန်ဆ ရာတော် အပါအ၀င် သံဃာတော် ငါးပါးသည် မဟနက ၎င်းတို့အား မတရားတားဆီးကန့်ကွက်မှုနှင့် မတရားဖမ်းဆီးဖိနှိပ်မှုတို့အတွက် ဗဟန်းမြို့နယ် တရားရုံး၌ အမှုဖွင့် ရာ မြို့နယ်တရားရုံးက ပယ်ချ လိုက်ခြင်းဖြစ်သည်။ လာရောက် တရားစွဲဆိုသောအမှုသည် တာ မွေမြို့နယ် တရားရုံးတွင် ရင်ဆိုင် နေရသော အမှုနှင့်စပ်လျဉ်းသော ကြောင့် ပယ်ချလိုက်ခြင်းဖြစ် ကြောင်း အင်္ဂလန်ဆရာတော်က မိန့်ကြားသည်။

‘‘နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်သံဃာ တော် ၁၅ ပါးရယ်၊ မဟာသန္တိသုခ ကျောင်းတိုက်က တာဝန်ခံ ဆရာ တော်ရယ်ပါ။ ဖမ်းဆီးစဉ်အခါက သူလည်းပါပါတယ်။ ဦးပဉ္ဇင်းတို့ကို မတရားချုပ်နှောင်ထားတယ်။ အဲ ဒါကြောင့် တရားပြန်စွဲတာပါ။ ဗဟန်းမြို့နယ်မှာ ဘာကြောင့် တ ရားစွဲဆိုတာလည်းဆိုရင် ဒီတိုင်း သံဃနာယကအဖွဲ့က ဗဟန်းမြို့ နယ်မှာ ရှိနေလို့ပါ။ အမှုဖွင့်တာ ကို ပယ်ချလိုက်တယ်။ ဒါပေမဲ့ ခရိုင်တွေ၊ တိုင်းတွေ ရှိပါသေး တယ်။ အဆင့်ဆင့် တိုင်ကြား သွားမှာပါ’’ ဟု အင်္ဂလန်ဆရာ တော်က မိန့်ကြားသည်။

‘‘အခု ပယ်ချလိုက်တာက လည်း တရားစီရင်မှုအရ ပယ်တာ မဟုတ်ဘဲ စီမံခန့်ခွဲမှုအရ ပယ် တာဆိုတော့ နည်းနည်းတော့ လွဲ နေတယ်။ ထူးဆန်းတာက တရား သူကြီးရဲ့ မှတ်ချက်ထဲမှာ တာမွေ တရားရုံးက တရားစွဲဆိုမှုနဲ့ ဆက် စပ်နေတယ်ဆိုတာ ပါတယ်။ ဒါ ကို ကျွန်တော်တို့ သဘောမတူ ဘူး’’ ဟု အင်္ဂလန်ဆရာတော်၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ သန်းထွန်းအောင် (မြို့မ) က ပြောသည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယကဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများက တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိ သုခကျောင်းတိုက်အား ချိပ်ပိတ် ကာ ကျောင်းတိုက်အတွင်း သီ တင်းသုံးနေထိုင်နေသော သံဃာ တော်များကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် အင်္ဂလန်ဆရာတော်နှင့် သံဃာ လေးပါးအား လူဝတ်လဲကာ တာ မွေမြို့နယ် တရားရုံးတွင် ရုံးထုတ် ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ သည်။ ဇွန်လ ၂၀ ရက်တွင် ဖမ်း ဆီးခံသံဃာတော်များကို အာမခံ ပေး၍ သင်္ကန်းပြန်ဆီးပေးခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက် ကို ချိပ်ပိတ်ပြီး ရက်ပိုင်းအ ကြာတွင် သာသနာရေးဝန်ကြီး ဌာန ၀န်ကြီးနှင့် တာဝန်ရှိသူများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မဟ နကိုလည်း ပြည်သူများက ပြစ် တင်ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့ သည်။

တရားရင်ဆိုင်နေရသော သံ ဃာတော်များအမှုသည် လက်ရှိ အချိန်တွင် သံဃာတော်နှစ်ပါး သာ တရားခွင်၌ စစ်ဆေးပြီးဆဲ ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List