Friday, July 18, 2014

မူးယစ်တိုက်ဖျက်ရေးအဆို ဆွေးနွေးရန် လွှတ်တော်သဘောတူ


မြန်မာပြည်ရဲ့ ကင်ဆာရောဂါလိုဖြစ်လာနေတဲ့ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ဘိန်းစိုက် ပျိုးခြင်းတို့ကို ဒေသခံပြည်သူလူထုပါဝင်ပြီး ဆန့်ကျင်တိုက်ဖျက်သွားဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်းအဆို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၁  အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်က အဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲကြတဲ့ထဲ ရဲတပ်ဖွဲ့ဝင်တွေ ပါ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေထဲမှာ လူငယ်တွေတင်မဟုတ်ဘဲ အသက်အရွယ် မရွေး ကျားမ ကလေးသူငယ် မရွေး လူတန်းစားပေါင်းစုံ သုံးစွဲနေကြပြီမို့ အခုလို လွှတ်တော်မှာ အဆိုတင်ရတာဖြစ်ကြောင်းလည်း ဦးခက်ထိန်နန်က ပြောပါတယ်။

အဆိုကို အမျိုးသားလွှတ်တော်မှာ ရှေ့အပတ်ထဲ ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ် လောင်းတွေကို ဖိတ်ခေါ်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List