Tuesday, July 15, 2014

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌထံ မီဒီယာ၏ အခက်အခဲများ တွေ့ဆုံတင်ပြနိုင်ရန် စာနယ်ဇင်းကောင်စီ အိတ်ဖွင့်ပေးစာပို့


သတင်းမီဒီယာလွတ် လပ်ခွင့်နှင့် သတင်းထောက်များကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား ခြင်း အပါအ၀င် လက်ရှိ မြန်မာ့ သတင်းမီဒီယာ လောကအတွင်း အခက်အခဲများအတွက် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီက အိတ်ဖွင့် ပေးစာတစ်စောင် ဇူလိုင် ၁၄ ရက်တွင် ပေးပို့လိုက်သည်။

‘‘ဒီလအကုန်ခင် တွေ့ခွင့် ပေးဖို့စာပို့လိုက်တာပါ။ လက်ရှိသတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းထောက် တွေ့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြောဆိုတင် ပြဖို့ ဖြစ်ပါတယ်။ ယူနတီကိစ္စ လည်း ပါပါတယ်။ ဒါပေမဲ့ ယူန တီက အမိန့်ချပြီးတာဖြစ်လို့ သမ္မတနဲ့ သိပ်မဆိုင်တော့ဘူး။ တရား ရေးနဲ့ ဆိုင်တော့ အယူခံတက်ပြီး ခိုင်လုံအောင်လုပ်ဖို့ပါပဲ။ သတင်း ထောက်တွေ ပုဒ်မ ၁၈ ကိစ္စလည်း ပါပါတယ်’’ ဟု ကောင်စီအတွင်း ရေးမှူး ဦးကျော်မင်းဆွေက ပြော သည်။

သမ္မတဦးသိန်းစိန်နှင့် အနုပညာရှင်များ မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာနတွင် တွေ့ဆုံ စဉ် သတင်းယူခွင့် မရ၍ ဆန္ဒဖော်ထုတ် ခဲ့ကြသည့် သတင်းထောက် ၅၀ ဦးကို ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

‘‘ဒီကိစ္စက သိပ်တော့ လူကြားမကောင်းဘူး။ ငြိမ်းချမ်းရေး စကားတွေ ဆွေးနွေးပြောဆိုတဲ့ နေရာလည်းဖြစ် တယ်။ သတင်း ထောက်တွေက ဆိုင်းဘုတ် ထောင်ပြီး ဆန္ဒပြတာလည်း မ ဟုတ်ဘူး။ ဒါကို ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်တာဟာ အနုတ်လက္ခဏာဖြစ် စေတယ်။ တစ်ခုရှိတာက သတင်း ထောက်တွေဘက်ကလည်း တစ် ခုခုလုပ်ရင် ဥပဒေဘောင်ထဲက လုပ်စေချင်တယ်။ ဆန္ဒဖော်ထုတ် ဖို့ ရည်ရွယ်ထားရင် အသစ်ပြင် လိုက်တဲ့ ပုဒ်မ ၁၈ အရ ရဲစခန်း ကို နှုတ်နဲ့ အသိပေးလိုက်ရင် တောင် သူတို့ အမှုဖွင့်လို့မရဘူး။ ဥပဒေအထက်မှာ သတင်း ထောက်တွေ နေချင်တာလားလို့ သူများတွေ ပြောလာနိုင်တယ်’’ ဟု ဦးကျော်မင်းဆွေက ပြော သည်။ မီဒီယာသမားများကို ပြင်းထန်သည့် ပုဒ်မများချမှတ်ထား ခြင်းကို လျှော့ပေါ့ရန်နှင့် တရားစွဲ ဆိုမှု များကို ရုပ်သိမ်းပေးရန် တင် ပြသွားမည်ဟု ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးကလည်း ပြော ကြားသည်။

တောင်းဆိုချက်များ လိုက် လျောခြင်းမရှိပါက ကောင်စီဝင်အဖြစ်မှ နုတ်ထွက်မည်ဆိုခြင်းမှာ မဟုတ်ကြောင်း ဦးကျော်မင်းဆွေ က ဆိုသည်။

‘‘အခု သမ္မတကို တွေ့ခွင့် တောင်းတာက နိုင်ငံရေးစကားနဲ့ ဆို ဖိအားပေးတာပဲ။ ကောင်စီ ၀င်တွေ နုတ်ထွက်မယ်ဆိုတာကလည်း တကယ်တော့ မဟုတ်ပါ ဘူး။ သတင်းမီဒီယာ ဥပဒေအ တွက် နည်းဥပဒေ မပြီးသေးလို့ အားလုံးက ယာယီတာဝန်ယူ လုပ် ပေးနေတာ။ နောက်နှစ်လလောက် ဆိုရင် ကောင်စီကို အသစ်ပြန်ရွေး တော့မှာ ဥပဒေအရ။ ဒါပဲ ပြီးပြီ’’ ဟု ၎င်းက ပြောသည်။

ထို့ပြင် သတင်းထောက်များ ၏ တရားတပေါင်ကိစ္စများအ တွက် ရပ်တည်ဆောင်ရွက်ပေး ရန် မြန်မာမီဒီယာ ရှေ့နေများ ကွန်ရက်ကို ဇူလိုင် ၁၃ ရက်တွင် ဖွဲ့စည်းလိုက်ပြီး တရားလွှတ်တော်ရှေ့နေ လေးဦးနှင့် အထက်တန်းရှေ့နေ နှစ်ဦးတို့ဖြင့် စတင်လိုက်ကြောင်း ယင်းအဖွဲ့မှ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

‘‘အခုသတင်းထောက်တွေ ရဲ့ အနေအထားအရ ဒီကွန်ရက် တော့ လိုတယ်ဆိုပြီး ဖွဲ့လိုက်တာပါ။ အရင်က တည်းက စီစဉ်နေတာ သုံးကြိမ်လောက်ရှိပြီ။ အခုမှ ဖွဲ့ဖြစ်တယ်။ သတင်းထောက် တွေကို ဘယ်လို ကူညီမလဲဆိုတာ အသေးစိတ် ညှိနှိုင်းပါဦးမယ်’’ ဟု ဆိုသည်။ လက်ရှိတွင် သတင်း ထောက် ၅၀ ဦးမှာ ခွင့် ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်မှု ကြောင့် အမှုဖွင့်ခံထားရပြီး အမှုတွဲတွင် ပါဝင်သူများကို ဓာတ်ပုံ သက်သေ များဖြင့် တိုက်ဆိုင်စစ် ဆေးသွားမည်ဟု ကမာရွတ်ရဲစခန်းက ပြောကြားထားသည်။


7Day Daily

No comments:

Post a Comment

My Blog List