Tuesday, July 15, 2014

ယူကရိန်းစစ်ဘက် လေယာဉ် ပစ်ချခံရ


ယူကရိန်းစစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်တစင်း ယူကရိန်းအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ပစ်ချခံခဲ့ရပြီး ရုရှားနိုင်ငံထဲက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်လို့ ပျက်ကျခဲ့တာလို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။

ရုရှားနိုင်ငံထုတ် အေအန် – ၂၆ သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ယူကရိန်း ခွဲထွက်ရေးတွေ ပစ်ချလို့ မမီနိုင်တဲ့ အမြင့်မီတာ ၆၅၀၀ ကနေ ပျံသန်းခဲ့တာ ဖြစ်ပြီး ရုရှားနိုင်ငံထဲက အဆင့်မြင့်လေယာဉ်ပစ် ဒုံးကျည် နဲ့ ပစ်ချခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်ပါသူအားလုံးကတော့ အသက်မသေ လွတ်မြောက်ခဲ့ကြပြီး သူတို့ကို ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆက်လုပ်နေတယ်လို့ စစ်တပ်ပြောခွင့်ရက ပြောဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ယူကရိန်းအရှေ့ပိုင်းမှာ နှစ်ဖက်တိုက်ခိုက်မှု အရှိန်မြင့်လာပြီး နှစ်ဖက် ထိခိုက်ကျဆုံး မှုတွေဟာလည်း ၃ လခွဲကြာ ပဋိပက္ခအတွင်း အမြင့်ဆုံးကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ယူကရိန်းစစ်သား ၂၃ ယောက် ကျဆုံးခဲ့တဲ့ အတွက် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက အရေးပေါ် လုံခြုံရေးအစည်းအဝေး ခေါ်ခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားနိုင်ငံရဲ့ အဆင့်မြင့်ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင် နေရပြီး ယူကရိန်း စစ်တပ်အနေနဲ့လည်း နည်းဗျူဟာအပြောင်းအလဲ လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List