Wednesday, July 16, 2014

သိမ်းဆည်းလက်နက် ၃ သောင်းခွဲခန့် ထိုင်းစစ်တပ်ဖျက်ဆီး


ထိုင်းအာဏာပိုင်တွေဟာ သိမ်းယူရရှိထားတဲ့ သောင်းနဲ့ချီတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ က ဖျက်ဆီးခဲ့ပါတယ်။ ဘန်ကောက်မြို့စွန် စမွတ်ပရာကန်ခရိုင်မှာ ဖျက်ဆီးမယ့် သေနတ်အလက်ပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို ခင်းကျင်းပြသခဲ့တာပါ။

ဒီလက်နက်တွေဟာ ၂၀၀၀ ပြည်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရာဇ၀တ်မှုတွေကနေ သိမ်းဆည်းရမိတာတွေ လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတလွှား မှောင်ခိုဈေးကွက်ထဲမှာ အဆုံးသတ်မယ့် ဘေးကနေ တားဆီဖို့ ဒီလက်နက်တွေကို ဖျက်ဆီးတာလို့လည်း ပြောပါတယ်။

လက်ရှိ ရဲချုပ် ၀ပ်ချရာပွန် ပရာစာန်ရတ်ချာကစ်က သူတို့တာဝန်ဟာ ထိုင်းနိုင်ငံတွင်း တရားမ၀င်လက်နက် အရေအတွက်ကို ကန့်သတ် လျော့ချဖို့လို့ ပြောပြီး သေနတ်အားလုံးကို သံမဏိ အရည်ကျိုစက်ထဲ ထည့်ပြီး သံမဏိပြန်ထုတ်ရာမှာ အသုံးချမှာပါ။

သံမဏိတန်ချိန် ၃၀၊ ထိုင်းဘတ်ငွေ ၃ သိန်းလောက် ရမယ်လို့ မျှော်လင့်ထား ပါတယ်။ ဒီငွေတွေကိုတော့ သံမဏိချက်စက်ရုံမှာ ကိရိယာ တန်ဆာပလာတွေ သုံးဖို့ အတွက် ပြန်ပေးမယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List