ယူနတီဂျာနယ်သတင်း ထောက်များကို နိုင်ငံရေးအကျဉ်း သားအဖြစ် အမည်စာရင်းသွင်းပြီး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန် အစိုးရထံ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်းကတောင်းဆို လိုက်သည်။
ဖမ်းဆီးခံသတင်းထောက် များအားလုံးကိုယ်စား ထောက်ခံ ပြောဆိုမည်ဖြစ်သလို ၎င်းတို့ လွတ်မြောက်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ယင်းအသင်း၏ ဇူလိုင် ၁၆ ရက်စွဲ ဖြင့်ထုတ်ပြန်ချက်တွင်ပါရှိ သည်။
မြန်မာနိုင်ငံ၏ သတင်းလွတ် လပ်ခွင့်ကို နိုင်ငံတကာကစောင့် ကြည့်နေပြီး အသိအမှတ်ပြုချီး ကျူးခံနေရချိန်တွင် ယူနတီ သတင်းထောက်များကို နိုင်ငံ တော်အစိုးရလျှို့ဝှက်ချက်အက် ဥပဒေဖြင့် ထောင်ဆယ်နှစ်ချခြင်း၊ Bi မွန်းတည့်နေဂျာနယ်အယ်ဒီ တာအဖွဲ့ကို အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)ဖြင့် ဖမ်း ဆီးထိန်းသိမ်းထားခြင်းမှာ နိုင်ငံ တကာယုံကြည်မှု ပြန်လည်လျော့ ကျစေခဲ့သည်။
စစ်အစိုးရလက်ထက်ကကဲ့သို့ သတင်းထောက်များကိုဖမ်းဆီး ထိန်းသိမ်းမှုသည် မြန်မာ့သတင်း လွတ်လပ် ခွင့်နည်းတူ လူထုအခြေ ပြုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုး တက်မှုအတွက်ပါ ခြိမ်းခြောက်နေကြောင်းထုတ်ပြန် ချက်ကဆို သည်။
အစိုးရက နိုင်ငံရေးလွတ် လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့် ကိုပေးမည်ဟု ကတိပြုခဲ့သော် လည်း ယခုကဲ့သို့ နိုင်ငံရေးအရှိန် အဝါသြဇာဖြင့် သတင်းထောက် များအား ထောင်ဒဏ်ချမှတ်ခြင်းမှာ အစိုးရ၏ပြောကြားချက် များနှင့် ကွဲလွဲနေသည်ဟုလည်း ၎င်း တို့ကထောက်ပြသည်။
‘‘အခု သတင်းထောက်တွေ အတွက် ပုဒ်မ ၅၀၅ တို့၊ ပိုင်နက် ကျူးလွန်မှုတို့က ကြောက်စရာ မဟုတ်တော့ ဘူး။ ၅(ည)(အရေး ပေါ်စီမံမှုအက်ဥပဒေ)တွေက စောင့်ကြိုနေပြီ။ စစ်အစိုးရလက်ထက် နိုင်ငံရေးကို ဖြတ် သန်းဖူးသူ တစ်ယောက်အနေနဲ့ရော ဥပဒေသမားတစ်ယောက်အနေနဲ့ပါ ပြောရရင် သတင်းထောက်တွေ အနေနဲ့ ရှေ့လျှောက်သတိကြီးကြီးထားပြီး လုပ်ကိုင်ပါလို့ အကြံ ပြုချင်တယ်’’ဟု တရားလွှတ် တော်ရှေ့နေဦးရောဘတ်စန်း အောင်ကပြောသည်။
7Day Daily
No comments:
Post a Comment