Friday, July 18, 2014

ရွှေညဝါဆရာတော်၏ တရားပွဲစီစဉ်သူကို အမိန့်ချသော တရားသူကြီးကို တရားပြန်စွဲမည်ဟုဆို


ရွှေညဝါဆရာတော်၏ တရားပွဲစီစဉ်သူကို ထောင်ဒါဏ်တစ်လနှင့် ငွေဒဏ်နှစ်ခုလုံး ချမှတ်လိုက်ခြင်းအတွက် တရားသူကြီးကို ပြန်လည် တရားစွဲဆိုသွားမည်ဟု တရားပွဲစီစဉ်သူ ဦးကျော်ဟိန်းက ဇူလိုင် ၁၇ ရက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်။

ဖေဖော်ဝါရီအတွင်းက ရွှေပြည်သာမြို့နယ် အမှတ် ၉ ရပ်ကွက်တွင် ရွှေညဝါဆရာတော် ဦးပညာသီဟ၏ တရားပွဲကို ဦးဆောင်စီစဉ်ခဲ့သော ဦးကျော်ဟိန်းကို ခွင့်ပြုချက်မယူဘဲ တရားပွဲစီစဉ်သည် ဟုဆိုကာ တရားစွဲဆိုပြီး ထောင်ဒဏ် တစ်လ (သို့ ) ငွေဒဏ်တစ်သောင်း ချမှတ်ခဲ့ရာ ထောင်ဒဏ်ကျခံခဲ့သည်။

“ထောင်ကျနေတဲ့အချိန်မှာ ငွေဒဏ်ကို ပါထပ်တောင်းတယ်။ မပေးတော့ ကျွန်တော့် အိမ်က ခုံနှစ်လုံးနဲ့ ကော်ဖီမစ်ထုတ် နှစ်ပါကင်ကိုလည်း တရားသူကြီးအမိန့်နဲ့ဆိုပြီး ယူတယ်။ ဒါကြောင့် ပြန်တရားစွဲဆိုမှာပါ။ ဘယ်တော့စွဲမယ်ဆိုတာ မပြောနိုင်သေးဘူး။ တိုင်ပင်တုန်းပဲရှိပါတယ်”ဟု ဦးကျော်ဟိန်းက ပြောသည်။

ဦးကျော်ဟိန်းကို အမိန့်ချပြီးနောက် ရွှေပြည်သာမြို့နယ်တွင်းရှိ ဒေသခံ ၁၅ဝ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ပြီး ၎င်းတို့ကို ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုထားသည်ဟု ကာယကံရှင်များကပြောသည်။

တရားသူကြီးကို ပြန်လည်တရားစွဲဆိုရန် အစီအစဉ်နှင့်ပတ်သက်ပြီး ရွှေညဝါဆရာတော်က”တရားပွဲတွေ ပိတ်ပင်တာဟာ ဘာသာရေးလွတ်လပ် ခွင့်ကို ပိတ်ပင်တာပဲ၊ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နိုင်ငံမှာ ဘုန်းကြီးတွေ တရားဟောဖို့ ပိတ်ပင်ခံရတာ မသင့်တော်ဘူး၊ ဆူပူလှုံ့ဆော်တဲ့တရားတွေ ဟောတဲ့သူရှိရင် အဲဒီဆရာတော်တွေကိုပဲ အရေးယူသင့်တယ်”ဟု မိန့်ကြားလိုက်သည်။

ထိုသို့တရားစွဲဆိုနိုင်ရေးအတွက် ရှေ့နေကွန်ရက် အဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟုဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List