Tuesday, July 15, 2014

MPC နဲ့ NCCT ထပ်မံ တွေ့ဆုံ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထပ်မံဆွှေးနွေးရေးအတွက် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC က ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင်တွေ မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ လိုင်ဇာမြို့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"ဒီ NCCT ရဲ့ လိုင်ဇာဆွေးနွေးပွဲပြီးရင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကောင်မတီနဲ့ ပြန်ပြီးတော့ ဆွေးနွေးနိုင်ဖို့ကို ကျနော်တို့ဘက်က လာရောက်တင်ပြတာပါ၊ နောက်ဝန်ကြီးဦးအောင်မင်းရဲ့ အဆိုပြုချက် တချို့ကိုလည်း ကျနော်တို့ဖက်က လာတင်ပြတာပါ၊ လာမယ့်ဆွေးနွေးပွဲတွေ ချောမွေ့ဖို့ရယ် နောက်တစ်ခု က နည်းနာအပိုင်းပေါ့ ကျနော်တို့ ညှိနှိုင်းရမယ့်ကိစ္စရပ်တွေ ဒီကြားထဲမှာလွယ်ကူချောမွေဖို့ပေါ့ စကားလုံး ရွေးချယ်တာတို့ တခြားကိစ္စတို့ကို ဒီမှာဆွေးနွေးတာတွေရှိပါတယ်"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း Single Text ရဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ထပ်မံမတွေ့ဆုံခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ လိုင်ဇာမြို့မှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီး လာမယ့်သြဂုတ်လဆန်းမှာ NCCT ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

အပစ်ရပ်မူကြမ်းကိစ္စရပ်နဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC အဖွဲ့ဝင်တွေဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပြည်ထောင်စုအင်စတီကျု အဖွဲ့တို့နဲ့လဲ ဒီကနေ့ တွေ့ဆုံ မယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List