Thursday, July 17, 2014

တောင်ကိုရီးယား နစ်မြုပ်သင်္ဘောမှ ပျောက်ဆုံးခရီးသည်များအား ရှာဖွေသော ရဟတ်ယာဉ် ပျက်ကျရာ လူငါးဦး သေဆုံး



တောင်ကိုရီးယား ဆူးဝဲလ် (Sewol) သင်္ဘော တိမ်းမှောက် နစ်မြုပ် မှုကြောင့် ပျောက်ဆုံးလျက် ရှိသော ခရီးသည်များအား ရှာဖွေ ရာတွင် ပါဝင်သည့် ရဟတ်ယာဉ် တစ်စီးသည် တောင်ကိုရီးယား နိုင်ငံ ဂွမ်ဂျူး မြို့တွင် ကြာသပတေး နေ့က ပျက်ကျ သွားခဲ့ရာ ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာခဲ့သူ ငါးဦးလုံး သေဆုံးသွားခဲ့သည်။
ထိုရဟတ်ယာဉ်သည် မီးသတ် သမားများအား ၄င်းတို့၏ အခြေစိုက် စခန်းသို့ ပြန်ပို့စဉ်တွင် လူနေ တိုက်ခန်းများ အနီးရှိ လမ်းတစ်ခု ပေါ်သို့ ပျက်ကျသွား ခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟက်ပ် (Yonhap) သတင်းစာက ဆိုသည်။ ရဟတ်ယာဉ်ပျက် အပိုင်းအစ လွင့်စင် ထိမှန် ခြင်းကြောင့် အထက်တန်း ကျောင်းသူ တစ်ဦးလည်း အနည်းငယ် ဒဏ်ရာ ရရှိ သွားခဲ့သည်။

ဧပြီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူးဝဲလ် ကူးတို့ သင်္ဘော နစ်မြုပ်မှု ကျောင်းသားများ အပါအဝင် လူ ၃ဝဝကျော် သေဆုံးခဲ့ရပြီး ယခုအချိန်ထိ လူ ၁၁ ဦး ပျောက်ဆုံး နေဆဲ ဖြစ်သည်။ ပျောက်ဆုံးခရီးသည်များအား ရှာဖွေရေး လုပ်ငန်းစဉ်တွင် ရဲများ၊ ရေငုပ်သမားများ၊ စစ်သားများအပြင် မီးသတ် သမားများပါ ပါဝင်ခဲ့ ကြပြီး ယင်းတို့ အထဲမှ အချို့မှာ ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေစဉ် ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ရခြင်း ဖြစ်သည်။

လမ်းပေါ်သို့ ရဟတ်ယာဉ် ထိုးစိုက် ပျက်ကျ မသွားခင်တွင် ယင်းရဟတ်ယာဉ် မီးလောင် နေသည်ကို မြင်တွေ့ ခဲ့ကြ ရကြောင်း မျက်မြင် သက်သေ များက ဆိုခဲ့သည်ဟု ယွန်ဟက်ပ် သတင်းတွင် ဖော်ပြ ထားသည်။ “ဝုန်းခနဲ အသံ ကျယ်ကြီး တစ်ခုနဲ့အတူ အမည်းရောင်မီးခိုးလုံးတွေ တက်လာခဲ့ပါတယ်”ဟု အမည်ဖော်ပြထားခြင်း မရှိသော မျက်မြင် သက်သေ တစ်ဦးက ဆိုခဲ့သည်။ “မိုးခြိမ်းပြီး မိုးကြိုးပစ်တာလို့ ကျွန်တော် ထင်သွားခဲ့တာပါ” ဟု သူက ဆိုသည်။

ရဟတ်ယာဉ် ပျက်ကျရသော အကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List