Wednesday, July 16, 2014

တက္ကသိုလ်များကို လွတ်လပ်စွာရွေးချယ်တက်ခွင့်ရနိုင်မည့်အချက်များပါသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အတည်ပြု


အခြေခံပညာမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းသင်ယူရာတွင် အမှတ်ဖြင့်တက္ကသိုလ်ရွေးချယ် တက် ရောက်ရသည့် စနစ်အစားတက်ရောက်လိုသည့် တက္ကသိုလ်များကိုလွတ် လပ်စွာရွေးချယ်ခွင့် များရရှိနိုင် သည့်အချက်များ ပါဝင်သော အ မျိုးသားပညာရေးဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက် ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့လွှတ်တော်မှ အတည်ပြု ရေးဆွဲထား သည့်အမျိုးသားပညာ   ရေးဥပဒေကြမ်းကို ပြင်ဆင်ချက် ပေါင်း ၇၁ခုဖြင့် ဥပဒေကြမ်းတစ် ခုလုံးနီးပါး ပြင်ဆင်ဖြည့်စွက်ကာ အတည်ပြု လိုက်ခြင်းဖြစ်သည်။

‘‘ဒီဥပဒေကြမ်းအပေါ်မှာ  ပညာရေးဆိုင်ရာအဖွဲ့အစည်း တွေ၊ ကွန်ရက်တွေက ကန့်ကွက် မှုတွေရှိခဲ့ပါ တယ်။ သူတို့ကလည်း လွှတ်တော်ကိုလာပြီး ဆွေးနွေးညှိ နှိုင်းခဲ့တဲ့အတွက် အဲဒီအဖွဲ့တွေရဲ့ ဆွေးနွေး ချက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမှု တွေနဲ့အတူ ၀န်ကြီးဌာနနဲ့လည်း ညှိနှိုင်းပြီး ဒီလိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်’’ဟု အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးကပြောသည်။

ဇူလိုင် ၁၅ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်း ကော်မတီမှ အမျိုးသား ပညာရေး ဥပဒေကြမ်းအား ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်သွင်း ပြီးနောက် လွှတ်တော်၏ဆုံးဖြတ် ချက်ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်၏ပြင် ဆင်ချက်များတွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် များအပြင်ပညာ ရေးစနစ် အမျိုးမျိုးကိုလွှမ်းခြုံနိုင် သော အချက်များကိုထည့်သွင်း ရေးသားထားပြီး တက္ကသိုလ်၊ ကောလိပ်များအား လွတ်လပ်စွာ စီမံခန့်ခွဲပေးထားခြင်း၊ အခြေခံပညာရေးစနစ်အား ၁၂တန်းအထိ သင်ကြားနိုင်ရန်စီမံ ထားပြီး သုံးနှစ် မှငါးနှစ်အထိ ကလေးငယ်များအား မူကြိုပညာရေးစနစ်အဖြစ် ဖော်ဆောင်သင်ကြားရန် စသည့် အချက်များကို ထည့်သွင်းထားသည်။

ထို့အပြင် ပညာရေးအဖွဲ့အ စည်းများနှင့်ကွန်ရက်များမှကန့် ကွက်ထားသော အမျိုးသားပညာ ရေးကောင်စီ တွင် ဒုတိယသမ္မတ တစ်ဦးအားကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရမည်ဆိုသည့် အချက်အား ပယ်ဖျက်၍ ကောင်စီနေရာတွင် ကော်မရှင်ကို အစားထိုးထည့်သွင်းပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် တစ်ဦးဦးက ဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်ကာ ပညာရေးနှင့် သက်ဆိုင်သည့် လွှတ်တော်နှစ်ရပ် ရေးကာကော်မတီများမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပ ညာရှင်များပါ ပါဝင်ဖွဲ့စည်းရမည် ဟု ပြင်ဆင်ထားသည်။

အဆိုပါကော်မရှင်အနေဖြင့်  ပညာရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အောက်ခြေ အထိဝင်ရောက် စွက်ဖက်ရန် မလိုဘဲ မူဝါဒပိုင်း ကိစ္စရပ်များကိုသာ ပေါင်းစပ်ဖြည့် ဆည်းညှိနှိုင်းဆောင်ရွက်ပေးရန် ဥပဒေကြမ်းတွင် ပြင်ဆင်ထည့် သွင်းထားသည်။

‘‘အခုပြင်လိုက်တဲ့အချက် တော်တော်များများက ကော်မတီ ကပြင်တာထက် လာပြီးဆွေးနွေး တင်ပြတဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ကွန်ရက်တွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက် တော်တော် များများကို ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်’’ဟု ဥပဒေကြမ်းကော်မတီ ၀င်တစ်ဦးကပြောသည်။

အမျိုးသားလွှတ်တော်မှအ တည်ပြုလိုက်သော အဆိုပါဥပဒေ ကြမ်းသည် ပြည်သူ့လွှတ်တော်မှ အတည်ပြု ချက်များနှင့် များစွာကွဲလွဲနေသဖြင့် ကွဲလွဲချက်များ ကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူပြီးမှသာ သမ္မတထံသို့ လက်မှတ်ထိုး ရန်ပေးပို့ရမည့်ဥပဒေကြမ်းအဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။

7Day News Journal 

No comments:

Post a Comment

My Blog List