Thursday, July 17, 2014

အမေရိကခရီးစဉ်အပြန်မှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ကိုယ်တိုင်လက်မှတ် ထိုးခဲ့တဲ့ ထွန်းအိန္ဒြာဗို


ပြည်ပဖျော်ဖြေရေးခရီး သွားနေသဖြင့် ပုဒ်မ ၄၃၆ပြင်ဆင် ရေးလက်မှတ်ထိုးခြင်းကို အဝေးရောက်အနေဖြင့် ပါဝင်နိုင်သော်လည်း ကိုယ်တိုင်လက်မှတ်ရေးထိုးချင်၍ ဇူလိုင် ၁၅ရက်မှသာ လက်မှတ်ထိုးဖြစ်ခဲ့သည်ဟု ထွန်းအိန္ဒြာဗိုကပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင် ၁၄ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ပုဒ်မ ၄၃၆ပြင် ဆင်ရေးအတွက် ဇူလိုင် ၁၅ရက် တွင် သွားရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘လူတစ်စု တစ်ယောက်အတွက် လုပ်ထားတဲ့ဥပဒေတွေ ဘယ်ဟာမှ ကျွန်မတို့ မကြိုက်ဘူး။ ဒီပုဒ်မကလည်း မကြိုက်တဲ့အများ ကြီးထဲမှာ အပြင်သင့်ဆုံး တစ်ခုလို့ ထင်တဲ့အတွက် ထောက်ခံသော အားဖြင့်လက်မှတ် ထိုးဖြစ်တာပါ’’ ဟု ပုဒ်မ ၄၃၆ပြင်ဆင်ရေးလက် မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍  ၎င်း၏အမြင် ကိုပြော သည်။

ထို့အပြင် အမေရိကန်ဖျော် ဖြေရေးခရီးစဉ်များတွင် ၎င်း၏ ပရိသတ်များက နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် NLD ပညာရေးကွန်ရက်သို့ အလှူငွေများလှူဒါန်း ရန်ပေးအပ်ခဲ့၍   ယင်းနေရာများသို့သွားရောက်လှူဒါန်း ခဲ့ ကြောင်း ထွန်းအိန္ဒြာဗို ကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့်လာမည့် သြဂုတ်တွင် စတင်ရိုက်ကူးမည့်ဒါ ရိုက်တာဝိုင်း၏ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည်ဟု ၎င်းက ပြောသည်။

‘‘ဇာတ်လမ်းတွဲနောက်တစ် ခုတော့ ရိုက်ဖြစ်မယ်။ ကျွန်မအခန်းတော့ အရမ်း နည်းတယ်။ ဒါ ပေမဲ့လုပ်ခွင့်ရ မယ့် နေရာတစ်ခုကနေ သရုပ်ဆောင်ရမှာပါ။ သားဆိုးအမေ၊ တပေပေနေရာက သရုပ်ဆောင်ရမှာပါ’’ဟု ၎င်းကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List