Thursday, July 17, 2014

ထိုင်း ဘုရင့်ထီ အမြင့်ဆုံး ဆုမဲနဲ့ ကံထူးသူ



ဇူလိုင်လ ၁၆ ရက်နေ့ကထွက်ရှိတဲ့ ထိုင်း ဘုရင့်ထီပေါက်မဲအရ ထိုင်းဘတ် ၂ သန်းဆုမဲဂဏန်း ၄၆၈၇၂၈ နဲ့ ကံထူးသူတဦးကတော့ ထိုင်းဘတ်ငွေ ၈ သန်း( ကျပ် သိန်းပေါင်း ၂၄ဝဝ ကျော် ခန့်) ရသွားပါတယ်။ ကံထူး သူက Mr.Somnuk က အဲဒီ နံပတ်ကို ၂ လုံး ဂဏန်း ၂၉၊ ၃ဝ နဲ့ ၅၇၊ ၅၈ ဆိုတဲ့ ၂ စောင်တွဲ ၄ စောင် ကံစမ်းခဲ့တာကြောင့် ဆုမဲ ဘတ် ၂ သန်း တန် ၄ စောင်စာအတွက်  ထိုင်းဘတ်ငွေ စုစုပေါင်း ၈ သန်း ရသွားခြင်း ဖြစ်ပါတယ်။ 

လူတဦးတည်း အခုလို ၂ စုံ ၄ စောင် နဲ့ အမြင့်ဆုံးဆုမဲပေါက်သူ လောကမှာ ရှားပါးဖြစ်စဉ်တခုလို့ ထိုင်းသတင်းတခုက ဖြစ်တဲ့ khaosod က ရေးထား ပါတယ်။ 

ကံထူးသူ Mr.Somnuk က ထိုင်း စက်ရုံတခုက သာမန်အလုပ်သမား တဦးဖြစ်ခဲ့ဖူးပြီး အခုတော့ သစ်ပစ် စိုက်ပျိုးသူ တောင်ယာသမားလုပ်တာပါတဲ့။ မိုးတွင်း ဆိုတော့ ဆွေမျိုးတွေ ရှိရာကို ခရီးထွက်သွားရင်း သစ်ပင်တွေ စိုက်ပျိုးပေးခဲ့တယ်တဲ့။ တောင်ယာသမားတဦးရဲ့ ကံထူးပုံက အံ့သြဖို့ ကောင်းပါတယ်။ 

သစ်ပင်လိုက်စိုက်ပျိုးပေးပြီး နေရပ်ကို ပြန်လာတော့ ဘတ်စ်ကားဂိတ်မှာ ထီဆိုင်တွေတော့ စိတ်ထဲ အရမ်းထီထိုးချင်နေတာနဲ့ ထီလက်မှတ် ဘတ် ၈၀ တန် ၂ စောင် တွဲ ၂ စုံကို ဘတ် ၁၆၀ နဲ့ဝယ်ခဲ့တာလို့ ပြောထားပါတယ်။ 
  
ထိုင်းနိုင်ငံမှာဘုရင့်ထီဆုမဲ အမျိုးအစားမှာ ဘတ် ၂ သန်းဆုက အမြင့်ဆုံးဖြစ်ပြီး အနိမ့်ဆုံး ဆုကြေးက ဘတ် ၁ သောင်းဖြစ်ပါတယ်။ 

ထိုင်း နိုင်ငံမှာ တလမှာ ၂ ကြိမ် ထိုင်း ဘုရင့်ထီကို အမြဲဖွင့်ပေးနေတာပါ။ ထိုင်း ထီပေါက်စဉ်ကို မြန်မာနိုင်ငံ က  ၃ လုံး ဝါသနာရှင်တွေက ထိုင်းဘုရင့်ထီ နောက်ဆုံး ဂဏန်း ၃ လုံးကို ကစားကြတာမို့ ရင်းနှီးပြီး သားဖြစ်ပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List