Thursday, July 17, 2014

သမ္မတဦးသိန်းစိန် ပေးအပ်လိုက်သည် ကျပ်သိန်းတစ်ထောင်ကို သဘင်အစည်းအရုံး၏ အခြေခံအနုပညာလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေးရှင်းထူထောင်မည်


သဘင်အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေးရှင်း ထူထောင်နိုင်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဌပန်တျာ ဦးမြကြည် က ပြောသည်။

နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) သို့ အလှူငွေကျပ် သိန်း ၁ဝဝဝ ထောက်ပံ့ပေးအပ်ရန် လျာထားသည့်ငွေကို အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖောင်ဒေးရှင်း ထူထောင်ရာတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု ၎င်းကပြောကြား
ခဲ့ခြင်းဖြစ်သည်။

"သမ္မတကြီးညွှန်ကြားသွားတဲ့အတိုင်းကျွန်တော်တို့ကဖောင်ဒေးရှင်း တည်ထောင်ဖို့အတွက်ဘဏ္ဍာရေးအဖွဲ့ ဖွဲ့တာတို့မှတ်ပုံတင်တာတို့ ကော်မတီ အဖွဲ့တွေဖွဲ့ပြီင်္းပြန်ကြားရေး ဝန်ကြီးဌာနကိုပြန်တင်ပေးရမယ်။"ဟု သဘင်အစည်းအရုံး(ဗဟို) မှ ဥက္ကဌ ပန်တျာ ဦးမြကြည်က ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇူလိုင်၁၂ရက်ကမြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင်ရုပ်ရှင် ဂီတ သဘင်ပညာရှင်များနှင့် တွေ့ဆုံသည့်ပွဲ၌ အစည်းအရုံးတစ်ခုစီကို ဖောင်ဒေးရှင်း တစ်ခုစီ တည်ထောင်နိုင်ရန်အတွက် အလှူငွေ ကျပ်သိန်းတစ်ထောင်စီ ပေးအပ်မည်ဟုပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းကိစ္စနှင့် ပက်သက်ပြီးဇူလိုင်၁၆ရက်ကယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာန တို့သည် မြန်မာနိုင်ငံသဘင် အစည်းအရုံးကိုခေါ်တွေ့ပြီး ကျပ်သိန်း ၁ဝဝဝပေးအပ်သွားမည်ဟုထပ်မံပြောကြား ခဲ့သည်။

ယင်းငွေကျပ်သိန်းသုံးထောင်ပေးအပ်ခြင်းသည်နိုင်ငံတော်အစိုးရ၏ဘဏ္ဍာရေးဘတ်ဂျက်ထဲကပေးခြင်းဖြစ်သည်ဟု သဘင်အစည်းအရုံး(ဗဟို)မှ ဥက္ကဌဦးပန်တျာဦးမြကြည်ကပြောသည်။

သဘင်အစည်းအရုံးမှ အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေး ရှင်းထူထောင်ရာတွင် သဘင်လောက အတွင်းရှိ သဘင်အစည်းအရုံးဝင် မိသားစုများ၏ ပညာရေးနှင့်သာရေးနာရေး ကိစ္စရပ်များတွင်လည်း ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားသည်ဟု ပန်တျာဦးမြကြည်ကပြောသည်။

သဘင်ပညာရေးဖောင်ဒေးရှင်းကို ၂ဝ၁၄ ခုနှစ်မေလ ၁ ရက်ကမြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး(ဗဟို)တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘင်ပညာရှင်များ၏ လှူဒါန်းငွေအဖြစ် ကျပ်သိန်း ၆ဝ ကျော်ရ ရှိပြီးဖြစ်ကာ ယင်းလှူရှင်များ၏ အလှူငွေများဖြင့် ပညာရေး ရန်ပုံငွေပဒေသာပင် စိုက်ထူပြီး အရင်း မပျောက်စေဘဲ အတိုးရငွေဖြင့်သာ ပညာရေးအတွက် အခက်အခဲရှိသူများကို ချီးမြင့်ထောပ်ပံ့သွား မည်ဖြစ်သည်။

လက်ရှိတွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ရန်အခက်အခဲရှိနေသည့် သဘင် အစည်းအရုံးဝင်များ၏ သားသမီးများကို ပညာဆက်လက်သင်ကြားနိုင်ရန် စတင်စီစဉ်ပေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List