Friday, July 18, 2014

စီမံကိန်းကိုတားသူ ထားဝယ်လယ်သမား ၁၉ဦး ထောင်ခြောက်လကျော် ချမှတ်ခံရ



အစိုးရမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် မြို့ပြစီမံကိန်းအကောင် အထည် ဖော်မှုကို တားမြစ်သည်ဟုဆိုကာ တရားစွဲခံထားရသော လယ်သမား ၁၉ဦးကို ထားဝယ်မြို့နယ်တရားရုံးက ဇူလိုင် ၁၆ရက်တွင် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ခြောက်လနှင့် ၁၅ ရက်အပါအဝင် ထောင်ဒဏ်နှင့် ငွေဒဏ်များ စသဖြင့် ပြစ်ဒဏ်အသီး သီးချမှတ်ခဲ့ကြောင်း ရှေ့နေများထံ မှ သိရသည်။
လယ်သမားနှင့် မိသားစုဝင် ၁၉ ဦးအနက် ဦးကြူလွင်အား ပြည်သူ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ဝတ္တရားနှောင့် ယှက်မှု(ပုဒ်မ-၃၅၃)၊ ပြည့်သူ့ဝန်ထမ်းများအား နာကျင်စေမှု (ပုဒ်မ-၃၃၂)နှင့် ဆဲဆိုမှု (ပုဒ်မ- ၂၉၄(ခ) စသည့် ပုဒ်မ သုံးခုဖြင့် စုစု ပေါင်းအလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လနှင့် တစ်ဆယ်ငါးရက် ကျခံ ရန်ပြစ်ဒဏ် အများဆုံး ချမှတ်ခဲ့ပြီး အခြားလယ်သမား တစ်ဦးဖြစ်သူ ဦး သောင်းညွှန့်အားပုဒ်မ-၃၅၃နှင့် ပုဒ် မ-၂၉၄(ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလနှင့် တစ်ဆယ့်ငါးရက်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားခံများ၏ ရှေ့နေဦးအောင်စိန် ထံမှ သိရသည်။

၎င်းအပြင် ဦးထွန်းထွန်းဝင်းအ ပါအဝင် လယ်သမား ရှစ်ဦးကိုလည်း ပုဒ်မ-၃၅၃အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလစီကျခံရန် အမိန့် ချမှတ်ခဲ့ပြီး ဒေါ်ရီရီထွေးအပါအဝင် လယ်သမားအမျိုးသမီး လေးဦးတို့ကို ပုဒ်မ-၃၅၃နှင့် ပုဒ်မ-၂၉၄(ခ)တို့ အရ ဒဏ်ငွေစုစုပေါင်းတစ်သောင်း တစ်ထောင်ကျပ်စီကျခံစေကာ ဒေါ်မူ မူစန်းအပါအဝင် လယ်သမား အမျိုးသမီး ငါးဦးတို့ကို ပုဒ်မ-၃၅၃အရ ဒဏ်ငွေတစ်သောင်းကျပ်စီ ပေး ဆောင်ရန် အမိန်ချမှတ်ခဲ့ကြောင်း တရားခံများ ရှေ့နေထံမှ သိရသည်။

''လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရင်းနဲ့ အစိုးရရဲ့အကျိုးကိုဟန့်တားလို့ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ''ဟု လယ်သမားများ၏ ရှေ့နေဦးအောင်စိန်ကပြောသည်။

လယ်သမားများသည် ပြည်သူ့ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေ စဉ် ဝတ္တရားနှောင့်ယှက်မှု၊ ပြည်သူ့ ဝန်ထမ်း များအား နာကျင်စေမှု စသ ဖြင့် ပုဒ်မတပ်ခံခဲ့ရသော်လည်း အခင်း ဖြစ်ပွားခဲ့သည့်နေ့ ဇွန် ၁ရက်သည် တနင်္ဂနွေနေ့ဖြစ်ပြီး ဝန်ထမ်းတာဝန် ချိန်မဟုတ်သည့်အပြင် ယင်းဝန်ထမ်း များကို တရားဝင်စာဖြင့် ခိုင်းစေခြင်း မရှိသောကြောင့် ပြည်သူ့ဝန်ထမ်းတာ ဝန်ကို နှောင့်ယှက်သည်ဟုပြော၍ မရနိုင်ကြောင်း ဦးအောင်စိန်ကရှင်း ပြသည်။

''တကယ်ဆိုရင် ယောက်ျားတွေ လုံးဝအပြစ်မရှိဘဲနဲ့ ထောင်ကျခံရတာ။ အစကတည်းက ယောက်ျားတွေကို ရှေ့မထွက်နဲ့။ မိန်းမတွေကပဲ ဦးဆောင်ပြီးပြောမယ်လို့ ပြောထားပြီးသား။ တကယ်လဲ မိန်းမတွေပဲဦး ဆောင်ပြီး အော်ဟစ်ပြီး တောင်းပန် ခဲ့တာ။ တကယ်တမ်းအပြစ်ရှိမယ် ဆိုရင် မိန်းမတွေမှာပဲအပြစ်ရှိတယ်''ဟု ပုဒ်မနှစ်ခုဖြင့် ငွေဒဏ်ကျခံခဲ့ရ သူ ဒေါ်ရွှေဇင်ယုက ပြောသည်။

လူတိုင်းတွင် မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်၊ မိမိပိုင်ဆိုင်မှုကိုကာ ကွယ်ပိုင်ခွင့်ရှိသောကြောင့် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်း သည် တရားမျှတ သည်ဟုမထင်မိကြောင်း ဦးအောင် စိန်က ဝေဖန်သည်။

လယ်သမားများသည် ဝန်ထမ်းများအား နှောင့်ယှက်ခြင်း၊ နာကျင် အောင်ပြုလုပ်ခြင်းမရှိဘဲ အခင်း ဖြစ်ပွားစဉ် ရှိခိုး တောင်းပန်မှုသာ ပြုလုပ်ခဲ့ကြောင်းထွက်ဆိုထားသည်။ 

''ကိုကြူလွင်ကတော့ ရဲတွေကို လက်အုပ်ချီရှိခိုးလို့ ထောင်ထဲဝင်ရတာ ဝမ်းမနည်းဘူးတဲ့''ဟု ပြစ်ဒဏ် အများဆုံး ကျခံခဲ့ရသော ကလေးငယ် နှစ်ဦး၏ ဖခင် လယ်သမားဦးကြူလွင်၏ ပြောဆိုချက်ကို တရားရုံးသို့ သွားရောက်ခဲ့သူတစ်ဦးက ပြန်လည် ပြောဆိုသည်။ 

တရားခွင်အရှေ့မြင်ကွင်းအရ တရားစီရင်ချက်မချမီ ရဲတပ်ဖွဲ့အင် အားများစွာ ရောက်ရှိနေခြင်းကစီရင်ချက်ကို ကြိုသိနေသည့် သဘောဖြစ် ပြီး ယင်းအမှုအပေါ်တွင် အုပ်ချုပ် ရေးမဏ္ဍိုင်မှ တရားစီရင်ရေးမဏ္ဍိုင်အား လွှမ်းမိုးမှုရှိနေ သည်ဟုထင်မြင် ကြောင်း ထားဝယ် ၈၈မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးကျော်ကျော်သက်က ပြောကြားသည်။

''လယ်လုပ်ရမယ့်အချိန်မှ လယ် သမားတွေကို ထောင်ချလိုက်တာက စိတ်မကောင်းဖြစ်မိတယ်''ဟု ၄င်းက ပြောသည်။

ယင်းနည်းဖြင့် ပြဿနာကိုဖြေရှင်း၍ မရနိုင်ဘဲယခုကဲ့သို့ ထောင်ချခြင်းသည် အဖြေတစ်ခုမဟုတ် ကြောင်း၊ ထောင်ချခြင်းဖြင့် လယ် သမားများနာကြည်းချက်ကြောင့် ပြဿနာပိုမိုကြီးထွားလာနိုင်ကြောင်း ၄င်းက ဆိုသည်။

ဇွန် ၁ရက်က ထားဝယ်မြို့ဆန်း ချီရပ်ကွက်ရှိ သိမ်းဆည်းလယ်ယာမြေတွင် အကောင်အထည်ဖော်နေသော မြို့ပြစီမံကိန်း ဧရိယာအတွင်း မြေကွက်ရိုက် အုတ်တိုင်စိုက်သည်ကို တားဆီးသည့် လယ်သမား ၁၉ဦးကို ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုး နိုင်က ဇွန် ၂ရက်တွင် အမှုဖွင့်တိုင် ကြားခဲ့ခြင်းဖြစ်သည်။

Dawei Watch
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List