Friday, July 18, 2014

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (D.K.B.A) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ (၅၂)နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကျင်းပ





ဒီမိုကရေစီ အကျိုးပြုတပ်မတော် (D.K.B.A) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ (၅၂) နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ် Dolphin စားသောက်ဆိုင်၌ ယနေ့ ဇူလိုင်လ ၁၈ ရက်မွန်းလွဲ ၁၁ နာရီခန့်တွင် ကျင်းပကြောင်းသတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်၏ မွေးနေ့မင်္ဂလာသို့ NLD ပါတီမှ နာယက ဦးတင်ဦးအပါအဝင် မြန်မာနိုင်ငံ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သံအမတ်ကြီးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အခြေခံပညာကျောင်းသားသမဂ္ဂ ကျောင်းသားဟောင်းများ၊တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးစိတ်ပါဝင်စားသူများနှင့် ဗိုလ်ချုပ်ကြီးနှင့် ရင်းနှီးခင်မင်သူများမှတက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရာတွင် ဗိုလ်ချုပ်ကြီးစောလားပွယ်မှပထမဦးစွာမိန့်ခွန်းပြော ကြားခဲ့ပြီးနောက် ၎င်းအား ကင်ဆာရောဂါကုသပေးနေသော ဒေါက်တာခူး အပါအဝင် DKBA တပ်မှုးများ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် လူရွှင်တော် သရုပ်ဆောင်ဟောင်း ဦးမေတ္တာတို့မှလည်း မွေးနေ့ ဆုတောင်းများပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်သည် လွန်ခဲ့သည့် ခြောက်လခန့်မှစတင်၍ ကင်ဆာရောဂါကို စတင်ခံစားခဲ့ရပြီး စင်ကာပူနိုင်ငံတွင် သွားရောက်ကုသခဲ့ကြောင်းသိရှိရသည်။ ဗိုလ်ချုပ်ကြီးစောလားပွယ်အား စင်ကာပူမှ
ဒေါက်တာခူး က ကုသပေးနေခြင်းဖြစ်ပြီး ၎င်းကင်ဆာရောဂါမှာ ၉၅ ရာနှုန်းခန့်သက်သာနေပြီဖြစ်ကြောင်း သို့သော် နောက်လများတွင်လည်း ရက်ချိန်းအလိုက် အကုသခံဖို့ လိုအပ်နေသေးကြောင်းသိရှိခဲ့ရသည်။

“အင်တာနက်စာမျက်နှာမှာဆိုရင် ဗိုလ်ချုပ်စောလားပွယ်ဟာ သေသွားပါပြီဆိုပြီးတော့ ဘယ်သူတွေပြောခိုင်း လို့ ဘယ်သူတွေ ပိုက်ဆံဘယ်လောက်ရလို့ပြောလဲတေ့မသိဘူး။ ဒီနေရာမှာ ကျွန်တော်တို့ ကျင်းပတာက လည်း ဒီမိုကရေစီ အကျိုးပြု DKBA ဗိုလ်ချုပ်ကြီး စောလားပွယ်ဟာ မသေသေးပါဘူးလို့ပြည်သူတွေအရှေ့ မှာ သက်သေပြတာလည်းပါတယ်။” ဟု DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင် ကပြောကြားသည်။

ဒီမိုကရေစီအကျိုးပြု DKBA စစ်ဦးစီးချုပ် စောလားပွယ်မွေးနေ့အား ရန်ကုန်မြို့တော်တွင် ကျင်းပခဲ့ခြင်းမှာယခု အကြိမ် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရှိခဲ့ရသည်။

ယင်း မွေးနေ့မင်္ဂလာအား ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည့်အတွက်ကြောင့် သမ္မတဦးသိန်းစိန်နှင့်တကွ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားနှင့် ၎င်းတို့အားလည်း ယနေ့ မွေးနေ့မင်္ဂလာအားတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းရှိကြောင်းလည်း သိရှိရသည်။

“MPC ကို ဖိတ်စာအစောင်နှစ်ဆယ်ပေးထားတယ်။ သမ္မတကြီးဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ကရင်ပြည်နယ်ဝန်ကြီး သော်လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီး၊ ပဲခူးတိုင်းဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီး အဲဒါကိုဖိတ်ပေးပါလို့ MPC ရုံးမှာတော့ ဖိတ်စာအစောင်နှစ်ဆယ် သွားအပ်ထားတာတော့ရှိတယ်ဗျ။ဒီမှာ တက်ရောက်တာကတော့ ဝန်ကြီးအနေနဲ့ မိတ်ဆက်တာကျတော့ မတွေ့ရပဲကရင်ရေးရာဝန်ကြီးတော့တွေ့ တယ်ဗျ။”ဟု ဒီမိုကရေစီအကျိုးပြု DKBA မှ ဗိုလ်မှူးကြီး ဆန်းအောင်မှ ဆက်လက်ပြောကြားသွားခဲ့သည်။

သော်ဇင်စိုး
The Myanmar Age

No comments:

Post a Comment

My Blog List