Friday, July 18, 2014

ပင်လုံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ လွိုင်လင်သို့ ပြောင်းရွှေ့ ရဖွယ်ရှိ


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နယ်ခွဲရှိ ဌာနဆိုင်ရာရုံးများကို လွိုင်လင်မြို့သို့ ပြောင်းရွှေ့ရ ဖွယ်ရှိသည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။ ပင်လုံသည် မြို့နယ်ခွဲအဆင့်ရှိသော်လည်း မြို့နယ်ခွဲအဆင့်ရုပ်သိမ်းထားသည် ဆိုသည့်သတင်းကြောင့် အထက်ညွှန်ကြားချက်အရ အစိုးရရုံးများ အားလုံးလည်း လွိုင်လင်သို့  ပြောင်းရွှေ့ရုံးစိုက်မည် ဟုဆိုသည့်သတင်းလည်းပြိုင်တူထွက်ပေါ်လာခြင်းဖြစ် သည်။  

လွိုင်လင်မြို့သို့ ပြောင်းရွှေ့မည့်ရုံးများမှာ လ.၀.က ရုံး ၊ စိုက်ပျိုးရေးရုံး ၊ တိုင်းရင်းဆေးပေးခန်း ၊ မြေစာရင်း ရုံး ၊ ပြန်/ဆက်ရုံး များဖြစ်ကြောင်းသိရသည်။

 "လောလောဆယ်တော့ ဘယ်နေ့ ပြောင်းရမယ်ဆိုတာ  ညွှန်ကြားချက် မလာသေးဘူး။ "ဟု  ရပ်ကွက်(၄ ) အုပ်ချုပ်ရေးမှူး  စိုင်းရွက်တိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ 

မြန်မာတနိုင်ငံလုံးတွင် မြို့နယ်ခွဲပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၁၀ မြို့နယ်ခွဲက မြို့နယ်အဆင့် တိုးမြင့် သတ်မှတ်လိုက် ပြီး  ကျန်ရှိ မြို့နယ်ခွဲ အားလုံးကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးပိုင်း နှင့် နီးစပ်သူတဦးကပြောပြသည်။ 

မြို့နယ်ခွဲများအား မြို့နယ်အဆင့် တိုးမြင့်သတ်မှတ်ရန်စီစစ်နေဖြင်းဖြစ်နိုင်ပြီး၊  မြို့နယ်အဆင့် တိုးမြှင့်ပေး မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း အုပ်ချုပ်ရေးရုံး အသိုင်းအဝိုင်း က ပြောပါသည်။   

ပင်လုံမြို့နယ်ခွဲတွင်  အစိုးရရုံးပေါင်း ၁၂ ရုံးရှိရာ  ၅ ရုံးမှာ လွိုင်လင်မြို့နယ်သို့ ပြောင်းရွှေ့ထားရှိမည်ဖြစ်ပြီး  ယခုလက်ရှိ ပင်လုံတွင် အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးရုံး၊ လျှပ်စစ်ရုံး၊ စည်ပင် ရုံးများ သာထားရှိမည်ဟု သတင်းရရှိပါသည်။ 

ပင်လုံမြို့သည် တောင်ကြီး အရှေ့ဘက် မိုင် ၆၀ ကျော်ရှိပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ချက်ကြွေရာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်မြို့ဖြစ် သည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List