Sunday, July 13, 2014

ပခုက္ကူတွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ ပြည်သူတစ်သိန်းကျော် တက်ရောက်


ပခုက္ကူမြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဆိပ်ဖြူ၊နင့် ပေါက်မြို့နယ်တို့မှ ဒေသခံပြည်သူ တစ်သိန်းကျော် တက်ရောက်ခဲ့ကြောင်း ပခုက္ကူ မြို့ခံများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးထံမှ သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အခြေခံဥပဒေကို ပြင်ဆင်လိုခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ မဟုတ်ဘဲ နောင်လာမည့် မျိုးဆက်များ၏ ရှေးရေးအတွက် ပြင်ဆင်လိုခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက် သူများမှာ ပြည်သူအပေါ် စေတနာ မရှိခြင်း၊ ဘာ့ကြောင့် ပြင်ဆင်သင့်သည်ကို စဉ်းစား ဆုံးဖြတ်နိုင်သော ပညာမရှိခြင်းနင့် စေတနာနှင့် ပညာရှိသော်လည်း ပြင်ဆင်ရန် သတ္တိမရှိခြင်းများကြောင့် ဖြစ်ကြောင်း ဒေသခံများကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့သူ မဟုတ်တဲ့ လူတွေကသာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်တွေ ရှိနေတာဟာ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဟာ လွှတ်တော်အပေါ်မှာ ဘယ်လောက် သက်ရောက်သလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ခုလွှတ်တော်ရဲ့ တန်ဖိုးကို ဆုံးဖြတ်တာလို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ် အတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းကို ဖော်ပြသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ထောင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းသည် များလွန်းပြီး ပြန်လည် စိစစ်သင့် သည်ဟု ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List