ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ကို ထိန်းညှိဖော်ဆောင်ရာတွင်လည်းကောင်း၊ ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုဆန္ဒအမှန်နှင့် ရွေးကောက်တင် မြှောက်နိုင်ရေး ချဉ်းကပ်ဆောင် ရွက်ရာတွင်လည်းကောင်း၊ တရားမျှတလွတ်လပ်ပွင့်လင်းသော လူ့ဘောင်အဖွဲ့အစည်းကို ထူ ထောင်ရာတွင်လည်းကောင်း ဗျူ ဟာမြောက် သော့ချက်ကျသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးသည် ပြည်သူကို မျက်နှာမူ၊ ပြည်သူကို ဗဟိုပြုနိုင်ရန် အရေးကြီးသည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှစ်ခုကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၅ ဇွန်လ ၁၀ ရက်နေ့က တင်သွင်းခဲ့သည်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေလေ့လာသုံးသပ် ရေးကော်မတီ၊ ကော်မရှင်များဖွဲ့ စည်းဆောင်ရွက်ရေးတိုက်တွန်း ကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည့် ၂၀၁၃ မတ်လ ၂၀ ရက်နေ့မှအစ ပြု၍ ရေတွက်မည်ဆိုလျှင် ရက် ပေါင်း ၈၁၂ ရက် ကြာမြင့်သော ကာလတွင် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းနိုင်ခဲ့သည်ကို သတိပြုမိသည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်သည့် ဥပဒေကြမ်း (ပထမ)တွင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော်၏ ထောက်ခံမှုရရှိပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက် ကျော်၏ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည့် ပုဒ်မလေးခု ပါဝင် သည်။
ပုဒ်မ ၂၄ ခု ပြင်ဆင်ရန် အဆိုပြုထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပ ဒေကြမ်း (ဒုတိယ)ပါ ပြဋ္ဌာန်းချက် များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က သဘောတူထောက်ခံပါက အတည်ပြုနိုင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(ပထမ) တွင် အခန်း(၃)နိုင်ငံတော်အကြီး အကဲအခန်းပါ ပုဒ်မ ၅၉(ဃ)နှင့် (စ)၊ ပုဒ်မ ၆၀(ဂ)၊ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များအခန်းပါ ပုဒ်မ ၄၁၈(ခ)၊ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆(က)(ခ) တို့ကို အစားထိုးရန် ဖော်ပြထားသည်။ အဆိုပါဥပဒေ ကြမ်းတွင် ပုဒ်မလေးခုကို အစား ထိုးရန် ဖော်ပြထားသည်။ ပုဒ်မ လေးခုပါဝင်သော ဥပဒေကြမ်းပါ ပုဒ်မများပြင်ဆင်ရေးကို ပြည် ထောင်စုလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံမှုအား ကနဦးရရှိနိုင်ရေးသည်ပင် ခဲယဉ်းဦးမည် ဖြစ်သည်။ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အားလုံးက သဘောတူထောက်ခံမည်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်အဆင့် ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် တွင် အတည်ပြုဆုံးဖြတ်နိုင်သည့် တိုင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပနိုင်ရန် ဖြစ်နိုင် ခြေနည်းပါးသည့်အလျောက် ပုဒ်မလေးခုပါ ပထမဥပဒေကြမ်းပြင် ဆင်ရေးသည် နောက်လွှတ်တော် သက်တမ်းသို့ ပြောင်းရွှေ့သွားနိုင် ဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည် ထောင်စုလွှတ်တော်တွင် ပထမ ဥပဒေကြမ်းကို ပြင်ဆင်ရန် အချိန်စောလွန်းသည်ဟူသော ကောက်ချက်ဖြင့် ကန့်ကွက်ခဲ့မည်ဆိုလျှင် ပုဒ်မ ၄၃၆ အပါအဝင် ပုဒ်မအချို့ပြင်ဆင်ရေးသည် နိဋ္ဌိတံမည်ဖြစ် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (ဒုတိယ)တွင် အခန်း(၃)နိုင်ငံ တော်အကြီးအကဲအခန်းပါ ပုဒ်မ ၆၂၊ ၆၃ နှင့် ၆၄၊ အခန်း(၅)အုပ် ချုပ်ရေးအခန်းပါ ပုဒ်မ ၂၃၂(ဈ)၊ ပုဒ်မ ၂၃၂(ဋ)နှင့် ပုဒ်မ ၂၃၂(ည)(၁)၊ အခန်း(၆)တရားစီရင်ရေး အခန်းပါ ပုဒ်မ ၂၉၉(ဃ)၊ အခန်း (၉)ရွေးချယ်တင်မြှောက်ခြင်းအ ခန်းပါ ပုဒ်မ ၃၉၆(ခ)နှင့် ၄၀၂(ဂ) တို့ကို ပယ်ဖျက်ရန်လည်းကောင်း၊ အခန်း(၄)ဥပဒေပြုရေးအခန်းပါ ပုဒ်မ ၁၁၅(င)နှင့် ပုဒ်မ ၁၄၇(င)တို့ကို ဖြည့်စွက်ရန်လည်းကောင်း၊ အခန်း(၅)အုပ်ချုပ်ရေးအခန်းပါ ပုဒ်မ ၂၃၂(ခ)(၁)၊ ၂၃၂(ဂ)၊ ၂၃၄(စ)၊ ၂၄၉၊ ၂၆၁(ခ)၊ ၂၆၁(ဂ)၊ ၂၆၁(ဃ)၊ ၂၆၁(င)၊ ၂၆၂(က)(၁)၊ ၂၆၂(က)(၂)၊ ၂၆၂(ခ)၊ ၂၆၂(ည)၊ ၂၆၄(က)နှင့် ၂၆၄ (ခ)၊ အခန်း(၆) တရားစီရင်ရေး အခန်းပါ ပုဒ်မ ၂၉၉(ခ)၊ ၂၉၉(ဂ)၊ ၃၀၀(က)၊ ၃၀၀(ခ)၊ ၃၀၁၊ ၃၀၁(ဃ)(၄)၊ ၃၀၂(က)၊ ၃၀၂(က)(၄)၊ ၃၀၂(ခ)(၈)၊ ၃၀၂(ခ)(၉)၊ ၃၀၂(ဂ)(၂)၊ ၃၀၃(က)၊ ၃၀၃(ခ)၊ ၃၀၃(ဂ)၊ ၃၁၂(က)၊၃၁၂(ခ)၊ ၃၁၂(ဂ)၊ ၃၂၁၊ ၃၂၄(က)၊ ၃၂၄(ခ) နှင့် ၃၃၃ (ဃ)(၄)၊ အခန်း(၉)ရွေးချယ်တင်မြှောက် ခြင်း အခန်းပါ ပုဒ်မ ၃၉၈(က)နှင့် ၃၉၉(က)တို့ကို အစားထိုးရန် လည်းကောင်း ဖော်ပြထားသည်။ အဆိုပါ ဥပဒေကြမ်းတွင် ပုဒ်မ ၂၄ ခုကို ပယ်ဖျက်၊ ဖြည့်စွက်၊ အစားထိုးရန် ဖော်ပြထားသည်။
အာဏာရပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ် စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုလွှတ် တော်တွင် ဒုတိယဥပဒေကြမ်းပါ ပုဒ်မ ၂၄ ခုအနက် ပုဒ်မအများ စုပြင်ဆင်ရေးကို ကန့်ကွက်နိုင် ခြေမြင့်မားသည်ဟု သုံးသပ်နိုင် သည်။ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ခ)၊ (ဂ)၊ (ဃ) နှင့် (င)တို့ကို ဥပဒေ ကြမ်းပါအတိုင်း ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီ အစားထိုးပြင် ဆင်နိုင်မည်ဆိုလျှင် ၂၀၁၆ ဧပြီ လတွင် တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်လွှတ်တော်များ က ဆန္ဒပြုရွေးချယ်သည့် ၀န်ကြီး ချုပ်များနှင့် အစိုးရများကို မြင် တွေ့လာရနိုင်ခြေ ရှိသည်။ အဆို ပါ ပြင်ဆင်ချက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့မည်ဆိုလျှင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မြှင့်တင်ပေးရာ ရောက်နိုင်သဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသဏ္ဌာန်ကိုလည်း ပိုမိုပီပြင်စေနိုင်မည် ဖြစ်သည်။
ပုဒ်မ ၃၉၆၊ ပုဒ်မခွဲ(ခ)တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှပြန် လည်ရုပ်သိမ်းလိုသော လွှတ် တော်ကိုယ်စားလှယ်နှင့်ပတ် သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းချက်အား ပယ်ဖျက်ရန် ထည့်သွင်းထားခြင်းသည် မဲဆန္ဒ ရှင်များ၏ လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်း ခွင့်ကို ပယ်ဖျက်ရေးဦးတည်သည့် အလျှောက် ဒီမိုကရေစီကျင့်စဉ် အလေ့အထများနှင့် ဆန့်ကျင် သည့် ခြေလှမ်းဟုသုံးသပ်နိုင် သည်။ ပုဒ်မတစ်ခုလုံး ပယ်ဖျက် ခြင်းထက် မူလမဲဆန္ဒရှင် ရာခိုင် နှုန်းကို ပြောင်းလဲသတ်မှတ်ခြင်း က ပိုမိုကြောင်းကျိုး ဆီလျော်နိုင် ဖွယ်ရှိသည်ဟု တိုက်တွန်းအကြံ ပြုလိုပါသည်။
ပြည်ထောင်စုလွှတ်တော် တွင် တင်သွင်းပြီးဖြစ်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းများတွင် အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အခန်း(၂)နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံ၊ အခန်း(၇)တပ် မတော်၊ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များ၊ အခန်း (၁၀)နိုင်ငံ ရေးပါတီများ၊ အခန်း (၁၁)အ ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များ၊ အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်၊ အခန်း (၁၄)ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များနှင့် အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များတို့တွင် ပါရှိသည့် ပုဒ်မများကို လုံးဝထည့်သွင်းထားခြင်း မရှိသည်ကို တွေ့ရှိရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါရှိသည့် အခန်း ၁၅ ခန်းအနက် အခန်းခြောက်ခန်းတွင် ပါရှိသော ပုဒ်မများကိုသာ ပြင်ဆင်ရန် အဆိုပြုထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၌ ပုဒ်မပေါင်း ၄၅၇ ခုပါဝင်ပြီး ပုဒ်မပေါင်း ၂၁၀ ခုကို ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ၂၀၁၄ အောက်တိုဘာ၂၀ရက်တွင် အစီရင်ခံတင်ပြခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ်ကို ဆောလျင်စွာ အတည်ပြုနိုင်မည်ဆိုလျှင် တိုင်းပြည်၏ ဒီမိုကရေစီ အပြောင်းအလဲအတွက် အားတက်ဖွယ် ခြေ လှမ်းဖြစ်နိုင်သည်။ ပြင်ဆင်ရေးဥပဒေကြမ်းများအတည်ပြုရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိမည်ဆိုလျှင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး ခရီးရှည်တွင် အဖုအထစ်များ ပိုများလာနိုင်ခြေရှိသည်။ နိုင်ငံရေးပြဿနာများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေးအဖြေရှာရေး နည်းလမ်းဖြင့်သာ ကျော်လွှားကြရမည်ဖြစ်သည့်အလျောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အပါအ၀င် ကျစ်လျစ်ထိရောက်တွင်ကျယ်သော နိုင်ငံရေးဆွေးနွေးပွဲများသည် ဗျူဟာမြောက်အရေးပါနေဦးမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မကြာမီ ထပ်မံ ကျင်းပနိုင်ဖွယ်ရှိနေသည့် ခြောက် ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအလွန် ကာလတွင် အာဏာရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော်တို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းနှစ်ရပ်အပေါ် အပြည့်အဝထောက်ခံနိုင်ခြေ ရှိ၊ မရှိ ကတိကဝတ်စကားကို မဲဆန္ဒ ရှင်တိုင်းရင်းသားပြည်သူလူထု ရှေ့မှောက်၌ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ထုတ်ဖော် ပြောကြားနိုင်ရန် သော့ချက်ကျ မည်ဖြစ်သည်။ အာဏာရပြည် ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့ အနေဖြင့် မည်ကာမတ္တသဘော ဆောင်ပြီး အပေါ်ယံသဘောလွန် ကဲသော လက်ရှိဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းများကို သဘောတူအတည်ပြုနိုင် ခြေမရှိလျှင် လာလတ္တံ့သော ဖွဲ့ စည်ပုံအခြေခံဥပဒေပြင်ဆင်ရေး ခရီးရှည်သည် ပိုမိုခက်ခဲကြမ်း
တမ်း အကျည်းတန်နိုင်ဖွယ်ရှိပါ ကြောင်း မီးမောင်းထိုးဆော်သြ လိုက်ရပါ
သည်။
7Day Daily
No comments:
Post a Comment