Wednesday, February 25, 2015

ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် ပြည်မြို့တွင် ဒေါ်စု ဟောပြောမည်


ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်း၊ ပြည်မြို့တွင် မတ်လ ၁ ရက်၌ ဟောပြောမည် ဟု ပြည်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
''ဗိုလ်ချုပ်ရာပြည့်ကို လာရောက်ဂုဏ်ပြု ဟောပြောမယ်။ ဟင်္သာတကနေ ပြည်ကို ကူးမယ်။ပြီးတော့ နေပြည်တော်ကို ပြန်မယ်'' ဟု ပြည်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့ မြို့နယ်များတွင် တစ်နှစ်လုံး ဟောပြောသွားမည်ဖြစ်ပြီး ဖေဖော် ဝါရီလ ၂၈ ရက်၌ ဟင်္သာတမြို့တွင်လည်းကောင်း၊ မတ်လ ၁ ရက် တွင် ပြည်မြို့၌ လည်းကောင်း ဟောပြောမည် ဖြစ်သည်။

ဟောပြောပွဲကို ပြည်မြို၊့ ရွာဘဲ နယ်မြေ ရတနာမာန်အောင် ကွက်သစ် လေးထပ်ပြင် ဂေါက်ကွင်းတွင် ကျင်း ပမည် ဖြစ်သည်။ ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၆ဝ ကျော်ကြာ တိမ်မြုပ်နေသော ဗိုလ်ချုပ်၏ သမိုင်ကြောင်းကို ရှင်းလင်းဟောကြားသွားမည်ဖြစ်ပြီး ဥပဒေပညာရှင် ဦးဝင်းမြင့်က ဗိုလ်ချုပ် ထံမှ လေ့လာသင်ယူမှတ်သားစရာများအကြောင်း ပြော ကြား မည်ဟုလည်း ဦးမြင့်သန်းထွန်း က ပြော သည်။

နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်၌ကျင်းပခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား ကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားကို မြန်မာပြည် အရပ်ရပ်မှ လူထုသိန်းချီတက်ရောက်ခဲ့ပြီး ပြဿနာဖြစ်ပွားခြင်း မရှိဘဲ စည်းကမ်းရှိစွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင် ခဲ့သည်။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List