Thursday, February 26, 2015

ရှေးဟောင်းကားတွေရဲ့ Road to Mandalay ခရီးစဉ် ရန်ကုန်ရောက် မြင်ကွင်း


စကာင်္ပူကနေ ပုဂံအထိ ကားမောင်းပြိုင်နေကြတဲ့ ရှေးဟောင်းကား ၆၀ ကျော် ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာကြပါတယ်။


ဒီနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာတော့ ကားတွေအားလုံးကို ရန်ကုန်ကနေတဆင့် သူတို့ နိုင်ငံတွေဆီ သဘောင်္နဲ့ ပြန် ပို့ကြမှာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့က စကာင်္ပူနိုင်ငံ ကနေ စတင် တာထွက်ခဲ့တာဖြစ်ပြီး မလေးရှား နဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်မောင်း လာခဲ့ကြ့ပီး ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မြ၀တီမြို့ကနေ မြန်မာနိုင်ငံထဲကို ၀င်ရောက်ခဲ့ကြတာပါ။

မော်လမြိုင် ၊ နေပြည်တော် ၊ အင်းလေး တွေကို ဖြတ်သန်းခဲ့ကြပြီး ၂၃ ရက်နေ့က အင်းလေးကနေ မန္တလေးဆီကိုခရီးဆက် ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာတော့ ရှေးဟောင်းမြို့တော် ပုဂံမျာ Road To Mandalay ရဲ့ ခရီးပန်းတိုင် အဆုံး သတ်ခဲ့ပါတယ်။

Road to Mandalay လို့နာမည်ပေးထားတဲ့ ၂၆ ရက်ကြာ နိုင်ငံဖြတ်ကျော် ကားမောင်းပြိုင်ပွဲမှာ ဗြိတိန်၊ အမေရိကန် ၊ ဒိန်းမတ် ၊ ဆွတ်ဇလန် ၊ နယူးဇီလန် ၊ ဘယ်လ်ဂျီယမ် အပါအ၀င် နိုင်ငံပေါင်း ၁၉ နိုင်ငံက ရှေးဟောင်းကားတွေ ပါဝင် ယှဉ်ပြိုင်နေကြပြီး အများစုက ဗြိတိန် နိုင်ငံကပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၆၀ကျော် တန်ဖိုးရှိတဲ့ ရှေးဟောင်းကား
တွေ ထဲမှာ ၁၉၀၇ ခုနှစ်က အီတလီနိုင်ငံထုတ် အီတာလာကားဟာ ရှေးအကျဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁သန်းကျော် တန်ပါတယ်။

ရိုက်ကူး - ကောင်းထက်ကျော် 
(DVB)

No comments:

Post a Comment

My Blog List