Thursday, February 26, 2015

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ နှင့် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်တို့၏ မေတ္တာ ရပ်ခံချက်


အမျိုးသားလွှတ်တော်နာယကကြီး၏ ကြေညာချက်အမှတ် (၁/၂၀၁၅) အရ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အနေဖြင့် အောက်ဖော်ပြပါ မေတ္တာရပ်ခံကြေညာချက်ကို ထုတ်ပြန်လိုက်ပါ သည်။
၁။ ၂၀၁၅၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ လေးပွင့်ဆိုင်ပူးတွဲသဘောတူ ထုတ်ပြန်ကြေညာချက်များအရ -

(က) လေးပွင့်ဆိုင်အဖွဲ့အနေဖြင့် သဘောတူညီချက် ရရှိထားသော အချက်များကို အောင်မြင်စွာ ပြီးဆုံးချိန်ထိ အတူတကွ ဆောင်ရွက်ရန် ကတိကဝတ်ပြုထားခဲ့ပါသည်။

(ခ) အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေကို လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေစဉ် ကာလ အတွင်း လေးပွင့်ဆိုင်အဖွဲ့မှ စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေး၍ မလိုလားအပ်သော အခြေအနေများ မှ ရှောင်လွှဲနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အလေးအနက် သဘောတူကြထားပြီး ဖြစ်ပါသည်။

၂။ သို့ပါ၍ လေးပွင့်ဆိုင်သဘောတူညီချက်ဖြင့် ပြင်ဆင်သည့် ဥပဒေကြ မ်းဖြစ်သောကြောင့် လွှတ်တော်တွင် ကြားနာခြင်း လုပ်ငန်းစဉ်အဆင့် တိုင်းတွင် လေးပွင့်ဆိုင် ပူးတွဲ ကြားနာရန်နှင့် ပူးတွဲ ဆွေးနွေးဖြေရှင်းရန် တာဝန်ရှိသည်။

၃။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် ကြားနာမည့် အစီအစဉ်သည် လွှတ်တော်သမိုင်းတွင် ထူးခြား သည့် (ပုံမှန်မဟုတ်သော) အစီအစဉ်အဖြစ် တွေ့မြင် ရသည့်အပြင် အချိန်ဆွဲ သည့် အနေအထားမျိုးဖြစ်သည်ဟု အများက ယူဆနိုင်သောကြောင့် ကျွန်ုပ်တို့ အနေဖြင့် များစွာ စိုးရိမ်မကင်းဖြစ်မိသည်။

၎။အစိုးရမှကြိုတင်သဘောတူညီချက်များကိုဆန့်ကျင်၍ ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်လာလျှင် အရေးယူမည်ဟု ကြေညာထားပြီး ယခုအမျိုးသားလွှတ်တော်၏ ကြားနာမည့် အစီအစဉ်များ သည်လည်း အစိုးရရပ်တည်ချက်ဖြစ်သော ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်မလာစေရန် အကောင်အထည်ဖော်ပေးသကဲ့သို့ ဖြစ်နေပေသည်။

၅။ လေးပွင့်ဆိုင်နည်းလမ်းဖြင့်ဒီမိုကရေစီနည်းကျငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာမှုသည် လွှတ်တော်အဆင့် သို့ ရောက်နေသော်လည်း ကျောင်းသားထု သပိတ်စစ်ကြောင်းများနှင့် အစိုးရ၏ သပိတ်ရပ်ရေး/မရပ်ရေး၊ ရန်ကုန် ဝင်ရေး/မဝင်ရေးသည် အကျပ်အတည်းအဖြစ် ဆက်လက်တည်ရှိနေပေ သည်။ လေးပွင့်ဆိုင် သဘောတူညီချက်များအား ဆန့်ကျင်သောလုပ်ရပ်များကို ပညာရေးဝန်ကြီးဌာနဝန်ထမ်းများမှယခု လို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေချိန် ၌ လွှတ်တော်တွင် ကြားနာမည့် အစီအစဉ်များသည် ရက်ကာလ ရှည်ကြာနေပါက လွှတ်တော်ကြောင့် ပြဿနာများ ပိုမိုကြီးထွားလာသည်ဟု အပြစ်တင်ဖွယ် ဖြစ်လာနိုင်ပါသည်။

၆။ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ရှေးရှု၍ ကျောင်းသားများစာမေးပွဲများဖြေ ဆိုနိုင်ရန် အတွက် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ၏ အလေးအနက်ထားဖော်ဆောင်နေခြင်းကိုလည်း ပျက်ပြားစေသော အစီအစဉ် များ ဖြစ်နေမည်ကို များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။

၇။ သို့ပါ၍ ပြဿနာများ ပိုမို ကြီးထွားလာစေနိုင်ပြီး ယုံကြည်မှုတည်ဆောက်ရေး ကို ထိခိုက်စေနိုင်သောကြောင့် အမျိုးသားလွှတ်တော်နာယကကြီးအနေဖြင့်အမျိုးသားလွှတ်တော်တွင်ကြားနာမည့်အစီအစဉ်များကို လေးပွင့် ဆိုင်ကိုယ်စားလှယ်များနှင့် ပြန်လည်ညှိနှိုင်းပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)

No comments:

Post a Comment

My Blog List