Wednesday, February 25, 2015

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲဖြစ် တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရ


 လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၂၄ ရက်က ထိတွေ့ တိုက်ပွဲ များ ထပ်မံဖြစ်ပွားပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ကုန်ကြမ်း - လောက်ကိုင်လမ်းရှိ ကားလမ်း မိုင်တိုင် ၂၃ အနီးတွင် နယ်မြေရှင်း လင်းရေး ဆောင်ရွက်နေသော တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်ဘက် မှ နှစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ထိုအပြင် လောက်ကိုင်မြို့၏ အနောက်တောင်ဘက် နှစ်မိုင်ခန့် အကွာတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး တရုတ်စက် လတ်တစ်လက်၊ ကျည်များ၊ ယမ်းချောင်းနှင့် တိုက်မိုင်းများ သိမ်းဆည်းမိခဲ့သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကိုးကန့်အဖွဲ့၏ အမာခံတစ်ဦးဖြစ်သူဟု ယူဆရသူတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပြီး စိတ်ကြွရူး သွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြားတွင်လည်း မွန်းလွဲ ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး တပ်မတော် နှင့် ကိုးကန့်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ လည်း အများအပြားရှိနေပြီဖြစ်သည်။

 ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေး ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List