Wednesday, February 25, 2015

ထိုင်းနိုင်ငံတွင် ဘတ် ၁ဝ၀ တန်အသစ် ထုတ်ဝေ



ထိုင်းနိုင်ငံမှာ နောက်ထပ်ပုံစံအသစ်တမျိုးနဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ထိုင်းအခြေစိုက် နေ ရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားဗဟိုဘဏ်ဌာန စီမံခန့်ခွဲရေးဒုညွှန်ချုပ် ဖိုင်းဘွန်း ကစ်သီဆရီ ဂန်ဝမ်က  ဒီငွေစက္ကူကို ထိုင်းနိုင် ငံရဲ့ ထွန်းပူရီးခေတ်က ရှင်ဘုရင် တာ့ခ်ဆင် မဟာရာ့ခ်ျကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေ တာလို့ သတင်းထောက်တွေကို ပြော ပါတယ်။

ဒါ့အပြင် လက်ရှိသုံးစွဲနေတဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူထက် ပိုမိုလှပတဲ့ဒီဇိုင်းနဲ့ အတုအပ ထုတ်လုပ်ခြင်းမှ ကာကွယ်နိုင်အောင် အိုင်တီနည်းပညာအသုံးပြုထုတ် လုပ်ထားတာ ဖြစ်လို့ ငွေစက္ကူအတု နဲ့ အစစ်ကို သာမန် မျက်စိအမြင်နဲ့ရော စက်နဲ့ပါ ခွဲခြားသိမြင်နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အရောင်အသွေးနဲ့ အရွယ်အစားကတော့ လက်ရှိသုံးစွဲနေတဲ့ ၁၀၀ တန် ငွေစက္ကူနဲ့ အတူတူ ပင်ဖြစ်ပြီး လက်ရှိငွေကိုလည်း ဆက်လက်သုံး စွဲနိုင်ကြောင်း၊ ဒီငွေစက္ကူတွေကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ထုတ်ပေးသွားမယ်လို့  ဗဟိုဘဏ် ဒုညွှန်မှူးရဲ့အပြောကိုကိုးကားပြီး  နေးရှင်းသတင်းမှာ ဖော်ပြ သွား ပါတယ်။

DVB

No comments:

Post a Comment

My Blog List