Tuesday, February 24, 2015

ကိုးကန့်ဒေသမှ နေရပ်ပြန်ဆရာ/မများ သီပေါသို့ရောက်ရှိ





လောက်ကိုင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ဘေးရှောင်နေရပ်ပြန် ဆရာ၊ ဆရာမသုံး ရာကျော်မှာ ယနေ့နံနက်၁၁နာရီအချိန်က သီပေါမြို့သို့ ခရီးတစ်ထောက်နား ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆရာမများအား သီပေါမြို့အတွင်းရှိ လူမှုရေးအသင်းဖွဲ့များ နှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင် ရာအဖွဲ့အစည်းများက စံဖိတ်ဘောလုံးကွင်း အတွင်း စားစရာ၊ အဝတ်ထည်များနှင့် လိုအပ်သည့်ကျန်းမာရေး
စောင့်ရှောက်မှုများ ပေးခဲ့သည်။

"တိုက်ပွဲတွေ ဖြစ်တဲ့အချိန် အရမ်းစိုးရိမ်ခဲ့ရတာ၊ တိုက်ပွဲတွေကြောင့် ကလေးတွေပညာရေး ထိခိုက်ရတာ ကိုတော့ စိတ်မကောင်းဘူး၊ ကိုယ်တွေက ပညာရေးဝန်ထမ်းဆိုတော့ တိုက်ပွဲပြီးသွားရင် ကိုယ့်တပည့်တွေ ရှိတဲ့ ကျေးရွာစာသင်ကျောင်းကိုပဲ ပြန်မှာပါ"ဟု မြင်းခြံမြို့နယ်မှ လောက်ကိုင်ဒေသသို့ သွားရောက်တာဝန် ထမ်းဆောင်ခဲ့သည့် နေရပ်ပြန် ဆရာမတစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ အများစုမှာ မြန်မာနိုင်ငံအလယ် ပိုင်းဒေသ မြင်းခြံ၊ ကံဂေါ၊ မြိုင်၊ ဒဇယ်၊ ရမည်းသင်းနှင့် ကလေး၊ တမူးဒေသများမှ အများဆုံးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၉ရက်နှင့် ၁၀ရက်နေ့များမှ စတင်ကာ လားရှိုးမြို့သို့စစ်ဘေး တိမ်းရှောင်လာရာ လားရှိုမြို့အထက ၁ တွင်ပညာရေးဝန်ထမ်းများအား နေရာချထားပေးပြီး စေတနာရှင် များကလည်း ကူညီပေးခဲ့ ကြပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပညာရေးဌာနတို့ပူးပေါင်းကာ စေတနာရှင်များ၏ အကူညီဖြင့် ယနေ့တွင်လားရှိုးမြို့မှ သက်ဆိုင်ရာ နေရပ်မြို့နယ် အသီသီးသို့ ပြန်လည် ပို့ဆောင်ပေးနေခြင်းဖြစ် သည်။

စစ်ဘေးရှောင် ဆရာမ အများစုမှာ လောက်ကိုင်ဒေသ ကုန်းကြမ်း မော်ထိုက် ရှီမာရှန်း အ.မ.ကကျောင်း များတွင် တာဝန်ထမ်းဆောင်နေသူအများစုဖြစ်ပြီး တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဆရာ၊ ဆရာမများလည်း ရှိနေနိုင်သေးကြောင်း နေရပ်ပြန်ဆရာမအချို့ထံမှသတင်းရှိသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

No comments:

Post a Comment

My Blog List