Tuesday, February 24, 2015

ပျောက်ဆုံး ဗြိတိန်ဆယ်ကျော်သက် မိန်းကလေး ၃ ဦး အိမ်ပြန်ရန် မိသားစုများ တောင်းဆို



အစ္စလာမ္မစ် (အိုင်အက်စ်)နဲ့ ပူးပေါင်းဖို့ ဆီးရီးယားကို သွားရောက်တယ်လို့ ယူဆရတဲ့ ဗြိတိန် ဆယ်ကျော်သက် ၃ ဦးကို အိမ်ကို ပြန်လာဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။အသက် ၁၅ နှစ် ရှာမီမာ ဘီကမ်၊ အာမီရာအာဘေ့စ်နဲ့ အသက် ၁၆ နှစ် ကာဒီဇာ ဆူလ်တန် ၃ ဦးဟာ တစုံတရာ အကြောင်းမကြားဘဲ အရင်သီတင်းပတ်က ပျောက်ဆုံးသွားခဲ့တာ ဖြစ်သလို တူရကီလေကြောင်းလိုင်းနဲ့ အစ္စတန်ဘူလ်ကို ထွက်ခွာသွားပြီလို့ အာဏာပိုင်တွေက ယူဆနေတဲ့ အကြောင်း အေပီသ တင်းမှာ ရေးပါတယ်။
မိသားစုက သူတို့ကို လွမ်းနေသလိုအခုထိ ငိုတာ ရပ်လို့မရဘူးလို့ အာမီရာရဲ့ ဖခင် အာဘေ့စ်ဟူစိန်က မိခင်များနေ့မှာ အာမီရာက အမေကို ပေးခဲ့တဲ့ ၀က်ဝံရုပ်ကို ကိုင်ပြီး ဗြိတိန် ရုပ်သံ အင်တာဗျူးမှာ ပြောပါတယ်။ ဆီးရီးယားကို မသွားဘဲ ၂ ခါ စဉ်းစားဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

အစွန်းရောက်ဝါဒကို မိန်းကလေးတွေက စိတ်မ၀င်စားသလို နိုင်ငံခြားသွားဖို့ အစီအစဉ်မရှိဘူးလို့ ဆယ်ကျော်သက် မိသားစုတွေက ပြောပါတယ်။ ကလေးတွေကို ရှာတွေ့ဖို့ တူရကီနဲ့ ဗြိတိန် အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ တူရကီ သမ္မတက ပြောပါတယ်။

ဒီဖြစ်ရပ်ကို မီဒီယာ အများစုက အာရုံစိုက်ခဲ့ပြီး ဗြိတိန်က လူ ၅၀၀ လောက် ဆီးရီးယားကို ရောက်သွားပြီလို့ အာဏာ ပိုင်တွေက ဆိုပါတယ်။

ဆယ်ကျာ်သက် ၃ ဦးဟာ လန်ဒန် ဘက်နာဂရင်း ကျောင်းက ဖြစ်ပြီး ဒီအထဲက ဘီဂမ်ဟာ ဒီဇင်ဘာလက ဆီးရီးယားကို ထွက်သွားခဲ့တဲ့ သူငယ်ချင်းတဦးနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။

လေကြောင်းလိုင်းအတော်များများက အသက် ၁၂ နှစ်ကျော်ရင် တစုံတရာ တားမြစ်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။ ဥရောပ သမဂ္ဂ အရာရှိတွေကလည်း ဒီဥပဒေကို တည်းကြပ်ဖို့ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List