Wednesday, February 25, 2015

ဝှိုက်ကတ်ကိစ္စနှင့် လာမည့် ရွေးကောက်ပွဲတွင် ပြဿနာများ ပေါ်ပေါက်နိုင်၍ နယ်စပ်ဒေသ လုံခြုံရေး အလေးထားရန်လိုဟု နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးပြော


ယာယီသက်သေခံ လက်မှတ်(၀ှိုက်ကတ်)အများဆုံး ကိုင်ဆောင်ထားသည့် မောင် တောနယ်စပ်ဒေသနှင့် ဘူးသီး တောင်မြို့နယ်များတွင် လာမည့် ရွေးကောက်ပွဲ၌ ပြဿနာများပေါ် ပေါက်လာနိုင်သဖြင့် နယ်စပ် ဒေသ လုံခြုံရေး အလေးအနက် ထား ဆောင်ရွက်ရန်လိုကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ် ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲ မှူးချုပ် တင်ကိုကိုက ပြောကြားသည်။


ဖေဖော်ဝါရီ ၂၃ ရက်က နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကျီးကန်းပြင်တွင် ပြုလုပ်သည့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာလုံခြုံ ရေး အသိပညာပေး သင်တန်း၌ရဲမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ယူနေရတဲ့ ဒေသဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့ နယ် မြေကို အဓိက
ထားလုံခြုံရေး ဆောင်ရွက်နေရတဲ့အပြင် ဘင်္ဂါ လီတွေရဲ့ ၀ှိုက်ကတ်ကိစ္စနဲ့ ပတ် သက်လို့ ဒေသတွင်း အဓိက
ရုဏ်း ဖြစ်ပွားလာနိုင်တဲ့အတွက် လုံခြုံ ရေးကို မပေါ့ဆဘဲ နေ့ညမပြတ် အလေးအနက်ထားဆောင်ရွက် သွားကြဖို့လိုပါတယ်။

၂၀၁၅ ရွေး ကောက်ပွဲကြီးအောင်မြင်စွာ ပြီး ဆုံးဖို့အတွက် နယ်ခြားစောင့်ရဲ တာဝန်ယူနေတဲ့ ဒေသအသီး သီးမှာ ပြည်သူတွေ လုံခြုံအေးချမ်း စွာ နေထိုင်နိုင်ဖို့ တရားဥပဒေစိုး မိုးရေးလုပ်ငန်းတွေကို အစဉ်တ စိုက် ဆောင်ရွက်သွားဖို့ လိုပါတယ်’’ဟု ရဲမှူးချုပ်က ပြောကြား သည်။

လက်ရှိ အခြေအနေတွင် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်)ကိုင်ဆောင်သူများ အား ပြန်လည် အပ်နှံရန် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း အခြေခံ မဲဆန္ဒရှင်များ စာရင်းတွင် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်သူများ ကို ထည့်သွင်းခြင်း မပြုရန် သက်ဆိုင်ရာ ပြည်နယ်၊ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ ခွဲများသို့ ညွှန်ကြားထားကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List