Tuesday, February 24, 2015

မဲဆွယ်ရာတွင် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ကိုမဝေဖန်ရဟုဆို



ရွေးကောက်ခံကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ် စည်းရုံးရာတွင် လွှတ်တော်၊ အစိုးရ နှင့် တပ်မတော်တို့ကို ဝေဖန်ပြောဆိုခွင့် မရှိဟူ၍ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်တွင် ဆက်လက် ကျင့်သုံးသွားမည်ဟု သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရွေးကောက်ခံ ကိုယ်စားလှယ်များ မဲဆွယ် စည်းရုံးရာတွင် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် တပ်မတော်တို့ကို ဝေဖန်ပြောဆိုခွင့် ရှိ၊ မရှိ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌မေးမြန်းရာတွင် ရွေးကောက်ပွဲ ကော်မရှင်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်မှ ဦးဝင်းကိုက “ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးခွင့် ရှိတာအမှန်ပါပဲ၊ဒါပေမယ့် စည်းရုံးလှုပ်ရှားတဲ့အခါ တရားဥပဒေနဲ့ အညီ လေးစားလိုက်နာ စည်းရုံးရပါမယ်”ဟု ပြောသည်။

ထိုစည်းမျဉ်းစည်းကမ်းမှာ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ထားသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် အချက်များ ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းထဲတွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင်ခြင်း၊ နိုင်ငံ့ ၀န်ထမ်းများအား အစိုးရကို ဆန့်ကျင်ဆန္ဒပြစေရန် လှုံ့ဆော် သွေးထိုးခြင်းတို့ မပြုလုပ်ရဟူ၍လည်း ပါရှိသည်။

အထက်ပါ စည်းမျဉ်းစည်းကမ်းများမှာ ရွေးကောက်ပွဲကာလတွင် နည်းဥပဒေများအဖြစ်ပြဌာန်းကာ ရွေးကောက်ခံကိုယ်စား လှယ်များ လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိလျှင် တွေ့ရှိသူက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားနိုင်ပြီး တရားစွဲဆိုမှုများ ပြုနိုင်သည်ဟု ၂၀၁၄ ခုနှစ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အချက်များမှာ စစ်အစိုးရစနစ်အောက်တွင်ပြုလုပ်ခဲ့သည့် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ချမှတ်ခဲ့ သည့် အချက်များနှင့်လည်း အတူတူပင် ဖြစ်သည်။

မေးခွန်းမေးမြန်းခဲ့သူဦးဖေသန်းကရွေးကောက်ခံကိုယ်စားလှယ်များမှပြည်သူများကိုစည်းရုံးရေးဆင်းရာတွင်လယ်သမားများ၏လယ်သိမ်းယာသိမ်းပြဿနာများ၌တပ်မတော်ကသိမ်းထားသည့်ကိစ္စများကိုပြောလျှင်တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမှု၊လုပ်ခလစာကိစ္စပြောဆိုလျှင်အလုပ်သမားများကိုဆူပူစေရန်စည်းရုံးစေမှု၊အမျိုးသားပညာရေးဥပဒေကိစ္စပြောလျှင်အေးဆေး စွာစာသင်နေသည့်ကလေးများအားဆူပူအောင်နှောင့်ယှက်သည်ဟူသည့်အမှုများဖြင့်တရားစွဲဆိုမှုများရှိလာနိုင်ပါသည်ဟုဆိုသည်။

ဆက်လက်၍ ဦးဖေသန်းက “ကျနော်တို့ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဥပဒေတခုနဲ့ အကျဉ်းအကျပ်ထဲ ရောက်အောင် ချည်နှောင်ထားတာက ကျနော်တို့ ဘာမှ လုပ်လို့ရမယ်လို့ မမြင်ပါဘူး။ တရားစွဲခံရဖို့ အများကြီးရှိပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။

အထက်ပါ ကန့်သတ်ချက်များမှာ ရွေးကောက်ပွဲစည်းရုံးရေးကာလတွင် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု အကြား လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံအရေး အခြေအနေနှင့် ပြည်တွင်း အခြေအနေ အရပ်ရပ်ကို အမှန်မပြောနိုင်အောင် တားဆီး ပိတ်ပင်ထားခြင်းလည်း ဖြစ်သည်ဟု လွှတ်တော် အမတ်များက ဧရာဝတီကို ပြောသည်။

သို့သော်၂၀၁၅ခုနှစ်၊အထွေထွေရွေးကောက်ပွဲတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှချမှတ်သည့်စည်းမျဉ်း စည်းကမ်း များ၊နိုင်ငံရေးပါတီများလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊နည်းဥပဒေများမှာမထွက်ရှိသေးပေ။

ဧရာဝတီ

No comments:

Post a Comment

My Blog List