Wednesday, February 25, 2015

၁၅ဝဝ အချစ်ကို အချိန် မပေးနိုင်သေးဘူး ဆိုတဲ့ မိုးစက်ဝိုင်

မိုးစက်ဝိုင်ရဲ့ Myanmar’s Heart Charity Group သို့ Dagon City 1 မှ ဒေါ်လာနှစ်ထောင် ပေးအပ် လှူဒါန်း ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ က Dagon City 1 မှာပြုလုပ်ခဲ့ပါတယ်။ မိုးစက်ဝိုင်က အလှူငွေ လက်ခံရယူ ပြီး နောက် သင်္ခရိုင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကလေးငယ် များကို အချို ရည်နှင့် ချောကလက်များ ဝေငှခဲ့ပြီး သူ့ရဲ့ Valentine Day ကိုကုန်ဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြစ် တာကြောင့် သူ့ရဲ့အချစ်ရေး နဲ့ပတ် သက်ပြီးမေးတော့ မိုးစက်ဝိုင်က..
”၁၅ဝဝ အချစ်က တအား ပူလောင် တယ်လို့ ခံစားရပါတယ်။ အဲဒီဘက်ကို အချိန်မပေး နိုင်သေးဘူး။ ဘဝမှာ Target ထားပြီး လုပ်စရာလေးတွေ ရှိတော့ အဲဒီ ဘက်ပဲ အရင် သွားနေပါတယ်။ ဒီနှစ် Valentine Day ကိုတော့ ဒီကလေး တွေနဲ့ပဲ ဖြတ်သန်းမှာပါ” လို့ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ Myanmar’s Heart Charity Group ရဲ့ ပထမ ဦးဆုံး အကြိမ် လှူဒါန်းမှုအဖြစ် ကြို့ပင်ကောက်ရှိ သင်္ခရိုင်မိဘမဲ့ ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သွားရောက်လှူ ဒါန်း မှာ ဖြစ်ပါတယ်။ ဒီလှူဒါန်းမှု နဲ့ပတ်သက်ပြီး မိုးစက်ဝိုင်က..

“ဟိုရောက်ရင် Activities တွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီအ လှူမှာ အားလုံးပါဝင် ပတ်သက်လို့ ရအောင် စီစဉ်ထားပါတယ်။ Miss တွေရော၊ အနု ပညာရှင်တွေပါ ဖိတ် ထားပါတယ်။ အများ ပြည်သူ ပါဝင်နိုင် အောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ပဲ လုပ်ခဲ့တာပါ။ မြန်မာပြည်ကို ချစ်တဲ့ စိတ် ကလေး ရှိတဲ့ လူတွေ ပါဝင် နိုင်အောင်လို့ တစ်နှစ် တစ်ကြိမ်တော့ အမြဲ တမ်းလုပ် ဖြစ်မှာပါ။ ဒီ အလှူ လုပ်မယ် ဆိုတာနဲ့ မိုးစက် နဲ့လက်တွဲ ထား တဲ့ ကုမ္ပဏီတွေအားလုံးက ချက်ချင်း အားတက် သရော နဲ့ ပါဝင် ပေးပြီး ယုံကြည်ပေးတဲ့ အတွက်လည်း ဝမ်း သာပါတယ်” လို့ပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

My Blog List