Tuesday, February 24, 2015

ယူကရိန်းနိုင်ငံနှင့် စစ်ပွဲဖြစ်ရန် မရှိဟု ရုရှားသမ္မတ ပူတင် ပြော


ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံနဲ့ စစ်ပွဲက ဖြစ်ဖို့ မရှိဘူးလို့ ဖေဖော်ဝါရီ ၂၃ ရက် က ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံပိုင် ရုပ်သံဌာန သတင်းထောက်က ရုရှားနဲ့ ယူကရိန်း စစ်ဖြစ်ဖို့ ရှိ၊ မရှိ မေးမြန်းရာမှာ ပူတင်က အဲဒီလို ကမ္ဘာပျက်မယ့်အလားအလာက ဖြစ်နိုင်ချေ မရှိဘူးလို့ ထင်တယ်။ ဘယ်တော့မှ ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်က ရုရှားက သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားနဲ့ ပတ်သက်ပြီး ပူတင်က အဲဒီဒေသဟာ သူတို့ ရွေးချယ်မှုကို လွတ်လွတ်လပ်လပ် လုပ်ခဲ့ တာသာ ဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းကလည်း ဒါကို လေးစားမယ် လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

မနှစ်က ဆန္ဒပြပွဲအတွင်း ကိယက်မြို့ လမ်းတွေပေါ်မှာ ဆန္ဒပြသူ အယောက် ၁၀၀ လောက်ကို လက်ဖြောင့်သေနတ်သမားက ပစ်လို့ လူအယောက် ၁၀၀ လောက် သေဆုံးမှု နောက်ကွယ်မှာ ရုရှားက ထိပ်တန်းက ထောက်ပံ့နေ တယ်လို့ ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုက လတ်တလောမှာ စွပ်စွဲထားပါတယ်။

ပူတင်ကတော့ ယူကရိန်းအစိုးရရဲ့ အခိုင်အမာ ပြောဆိုမှုက လုံးလုံး အဓိပ္ပာယ်မရှိဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရုရှားလိုလားတဲ့ သူပုန်တွေဟာ ယူကရိန်း အရှေ့တောင်ဘက်က ရွာတွေကို ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲပါတယ်။

အပစ်အခတ်ရပ်စဲရေး ရည်မှန်းထားတဲ့ မင့်ခ်စ် သဘောတူညီချက်ကို သူပုန်တွေက အရင်အပတ်က လျစ်လျူရှုပြီး ဗျူဟာမြောက် Debaltseve မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

မနှစ်က ဧပြီလကစတဲ့ ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူ အယောက် ၅၆၀၀ ကျော်သွားပြီး ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List