Wednesday, February 25, 2015

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ဦး ဖမ်းဆီးခံရ


တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ဦးကို တင်ဆောင်လာသည့် ကားရှစ်စီးပါ ကားတန်းအား ထိုင်း ရဲနှင့် စစ်တပ်က အယုဒ္ဓယဘန်း ဖာခရိုင်၌ ရပ်တန့်ဖမ်းဆီးလိုက် ကြောင်း ဗိုလ်မှူးကြီးဂွန်နာဝတ်ရောင် ဆာဝတ်က ပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
အယုဒ္ဓယ ပြည်တွင်းလုံခြုံမှုစစ် ဆင်ရေးဌာနချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး က ပြောကြားရာတွင် မြန် မာရွှေ့ပြောင်းလုပ်သားများကို အာရှအမြန်လမ်းမှ ဘန်ကောက်သို့ ပို့ဆောင်ပေးသည့်သတင်းကို ရရှိခဲ့ ပြီးနောက် ဤကားတန်း ကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အရာရှိများက ကားရှစ်စီးကို ရပ်တန့်စေခဲ့ရာ သုံးစီးမှာ မီတာတပ်ထားသည့် တက္ကစီကားများဖြစ် ကြောင်း အဆိုပါကားများတွင် အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၂၃ဦး၊ ကလေး သုံးဦးကို တင်ဆောင်လာကြောင်း။ အားလုံးကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် စွဲချက်တင်ထားပြီး နေရပ် ပြန်ပို့သွားရန် ရှိသည်ဟု ပြော ကြားခဲ့သည်။

ကားရှစ်စီးကို မောင်းနှင်လာသည့် ထိုင်းဒရိုင်ဘာ ရှစ်ဦးကိုလည်း ဖမ်းဆီး ထားကြောင်း။ ၎င်းတို့က မြန်မာ လူမျိုးများကို ချင်းရိုင်းပြည်နယ် မယ်ဆိုင်မြို့ နယ်စပ်မှ သယ် ဆောင်လာကြောင်း။ ဘန်ကောက် မြို့ နာဝန် မင်လမ်း၌ အလုပ်လုပ်ရန် ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့အား တရားမဝင်ရွှေ့ ပြောင်းလုပ်သားများ ပို့ဆောင်ပေးမှု ဖြင့် စွဲဆို ထားပြီး လူမှောင်ခိုမှုဖြင့်ပါ စွဲဆိုခံရမည်ဟု ဆိုသည်။

၎င်းတို့အား စစ်ဆေး မှုပြုလုပ်နေပြီး ၎င်းတို့သည် လူမှောင်ခိုဂိုဏ်းဝင်များ ဖြစ်နိုင် ကြောင်း ဗိုလ်မှူးကြီး ဂွန်နာဝတ်က ပြောခဲ့သည်။

Ref: Bangkok Post
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List