Friday, February 27, 2015

မိကျောင်းကန်သပိတ်စခန်းကိုအပြီးတိုင် ဖယ်ရှားရှင်းလင်း


တစ်နှစ်နီးပါးကြာ ဆန္ဒ ပြနေသော မိကျောင်းကန်သပိတ်စခန်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီက ဖယ်ရှားလိုက်ပြီး ဖယ်ရှားချိန်တွင် သပိတ်စခန်း၌ရှိနေသူ ၁၄ ဦးကို ပုဒ်မနှစ် ခုဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၄ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက မိ ကျောင်း ကန်သပိတ်စခန်းရှိ တဲအ မိုးများကို ဖယ်ရှားလိုက်ပြီး မိ ကျောင်းကန်ပြည်သူ ၁၄ ဦးကို ဖမ်းဆီး အရေးယူ ခဲ့ခြင်းဖြစ်သည်။

အသက် (၅၀) ကျော် အမျိုးသမီးကြီး ခုနစ်ဦးနှင့် အမျိုးသားခုနစ်ဦးကို မြို့တော်စည်ပင် သာယာရေးကော် မတီက စည်ပင်ပုဒ်မ ၆၈ ဖြင့် တစ်မှု၊ ကျောက်တံတား မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးက ပုဒ်မ ၁၈ ဖြင့် တစ်မှု၊ ပုဒ်မ နှစ်ခုဖြင့် အရေးယူလိုက်ခြင်း ဖြစ်သည်။

ပုဒ်မနှစ်ခုဖြင့် အရေးယူခံရ သော မိကျောင်းကန်ပြည်သူများ ကို အာမခံပေးလိုက်ပြီး မတ်လ ၁၁ ရက်တွင် ရုံးချိန်းခေါ်ဆိုထား ကြောင်း သတင်းရရှိသည်။

၂၀၁၄ မတ်လ ၂၄ ရက်မှ စတင်၍ သပိတ်စခန်းဖွင့်ဆန္ဒပြ နေသော မိကျောင်းကန်ပြည်သူ များသည် သပိတ်စခန်းဖွင့်သည့် ရက်ပေါင်း ၃၄၀ ပြည့်မြောက်တွင် ဖယ်ရှားခံရခြင်း ဖြစ်သည်။

‘‘တောင်းဆိုတဲ့မြေယာမရတဲ့ အပြင် အားလုံးထောင်ကျတာပဲ အဖတ်တင်တယ်။ အရင်တစ်ခါ ထောင်ကျတဲ့ အထဲမှာ သက်ကြီး အဘွားအိုတွေပါဝင်သလို အခု တစ်ခါထောင်ကျတဲ့ အထဲမှာလည်း သက်ကြီးအဘွား အိုတွေ အများကြီးပါတယ်။ အစိုးရအနေနဲ့ စာနာသင့် ပါတယ်’’ဟု မိကျောင်း ကန်သပိတ်စခန်းမှ ဦးဆန်းကျော်က ပြောသည်။

မိကျောင်းကန်ပြည်သူအချို့ သည် ၂၀၁၄ ဒီဇင်ဘာအတွင်း ရန်ကုန်မြို့တော်ခန်းမ တံခါးပေါက်ရှေ့တွင် ပိတ်ဆို့၍ သပိတ်စခန်း ဖွင့် ဆန္ဒပြခဲ့ကြသေးသည်။ ထိုသို့ ဆန္ဒပြမှုကြောင့် ဒီဇင်ဘာ ၂၃ ရက် ၌ မိကျောင်း ကန်ပြည်သူ ၁၄ ဦးကိုပုဒ်မ ၁၈ ဖြင့် နှစ်မှု၊ စည်ပင်သာ ယာရေးကော်မတီက ပုဒ်မ ၁၄၃၊ ၃၄၁ တို့ဖြင့် အသီးသီးအမှုဖွင့်တ ရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်က ထောင်ခြောက်လစီ ချမှတ် လိုက်သည်။

မြေယာပြန်လည်ရရှိလိုမှုဖြင့် မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသော မိကျောင်း ကန်ပြည်သူများသည် ပြေလည်မှုမရရှိဘဲ သပိတ်ခေါင်း ဆောင်များ အပါအ၀င် မိကျောင်းကန် ပြည်သူ စုစုပေါင်း ၁၆ဦး ထောင်ကျခဲ့ရပြီး လက်ရှိတရားစွဲဆိုခံရသူ ၁၄ ဦး ကျန်ရှိနေသည်။

မိကျောင်းကန်သပိတ်စခန်း စဖွင့်စဉ်က လူအင်အား ၃၀၀ ခန့် ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ဖြိုခွင်း ချိန်တွင် ၁၄ ဦးသာ ကျန်ရှိတော့ ခြင်း ဖြစ်သည်။

မဖယ်ရှားရသေးမီ မိကျောင်းကန်သပိတ်စခန်း (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List