Tuesday, February 24, 2015

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဖြစ်ကြောင်း ကြေညာ


 မြောက်ကိုရီးယားနိုင်ငံအား အမျက်ထွက်စေသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မတ်လ ၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိ ကန် နှစ်နိုင်ငံစလုံးကကြေညာလိုက်သည်။

Key Resolve နှင့် Foal Eagle ဟု အမည်ပေးထားသည့် ယင်းစစ်ရေး ပူးတွဲလေ့ကျင့်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများကို အမြဲတမ်းဖြစ်ပေါ်စေသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့က စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေး အခြေခံသဘော အရ သာဖြစ်ကြောင်းပြောသော်လည်း မြောက်ကိုရီးယားဖက်က ကျုးကျော်မှုအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

Kay Resolve စစ်ရေးလေ့ကျင့်မှုသည် အကြီးဆုံး ကွန်ပျူတာဖန်တီးမှုဖြင့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ၁၂ ရက် လေ့ကျင့်ကြမည်ဖြစ်ကာ Foal Eagle စစ်ရေးလေ့ကျင့်မှုသည် သီတင်းရှစ်ပတ်ကြာမြင့်မည် ဖြစ်သည်။

Foal Eagle လေ့ကျင့်မှုတွင် လေတပ်နှင့်အတူ တပ်ဖွဲ့ဝင်အင်အား သောင်းနှင့်ချီ ပါဝင်မည်ဖြစ်ပြိး ပင်လယ်နှင့် မြေပြင်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

ယခု စစ်ရေးလေ့ကျင့်မှုအတွက် မြောက်ကိုရီးယားနိုင်ငံသို့လည်း သတင်းပေး ခဲ့ပြီးကြောင်း နှစ်နိုင်ငံပေါင်း စည်းတပ်ဖွဲ့ ကွပ်ကဲမှုဌာနက ကြေညာချက် ထုတ်ထားသည်။

၂၀၁၃ ခုနှစ်အတွင်းက အဆိုပါစစ်ရေးလေ့ကျင့်မှုများကြောင့် မြောက်ကိုရီးယားနှင့် တင်းမာမှုများကို မီးပွားစေခဲ့သည်။ အမေရိကန်နိုင်ငံသည် ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားချိန်မှစကာ တောင်ကိုရီးယားနိုင်ငံ တွင် အမြဲတမ်း စစ်တပ်အခြေစိုက်စခန်းများကို ထားရှိထားခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ ပဋိပက္ခသည် ငြိမ်းချမ်းရေး သဘောတူညီမှုဖြင့် အဆုံးသတ်ခြင်း မဟုတ်ဘဲ အပစ်ရပ်ခြင်းဖြင့်သာ အဆုံးသတ်ထားခြင်းဖြစ်၍ တရားကိုယ်သဘောအရ စစ်တွင်းမှာပင် ရှိနေသေးသည့် နှစ်နိုင်ငံ ဖြစ်သည်။

REF : BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List