Friday, February 27, 2015

Font ပြဿနာနှင့် ဘာသာပြန်စနစ်အဆင့်မြှင့်ရန် လိုအပ်နေသေးသည့် ဂူးဂဲလ်ဘာသာပြန်ဝန်ဆောင်မှု


Google Translate ဝန် ဆောင်မှုတွင် မြန်မာဘာသာသို့ ပြန်ဆိုရာ၌ အဆင်မပြေမှုများ ရှိနေသည့်ကိစ္စများနှင့် ပတ်သက်၍ ဂူးဂဲလ်မှ ထုတ်ကုန်ဆိုင်ရာ တာဝန်ခံများနှင့် မြန်မာဘာသာ စကားဖောင်ဒေးရှင်းတို့မှ ပညာ ရှင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်းပွဲတစ် ခုပြုလုပ်ခဲ့သည်။
ဂူးဂဲလ်သည် ၎င်းတို့၏ ဘာသာပြန်ဝန်ဆောင်မှုတွင် မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်ရန် ၂၀၁၄ ဒီဇင်ဘာအတွင်း ဂူးဂဲလ်က စတင်ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်ထိ ဝန်ဆောင်မှု ရှိပြီး နှစ်လကျော် ကာလအတွင်း၌ မြန်မာဘာသာ သို့ ပြန်ဆိုမှုများတွင် အချို့သောစကားလုံးများမှာ အဓိပ္ပာယ်ကွဲလွဲ မှုများရှိနေခြင်း၊ ရှေ့နောက်ဆီလျော်မှုမရှိခြင်း၊ အသုံးများသော စကားလုံးများကိုသာ မှန်ကန်စွာ ဘာသာပြန်ပေးနိုင်ခြင်းတို့ဖြစ်နေ သည့်အတွက် ဘာသာပြန်ထားသောစာများဖတ်ရှုရာတွင် အဆင် မပြေမှုများရှိနေဆဲဖြစ်သည်။

‘‘အခုလောလောဆယ်မှာ ဂူးဂဲလ်ရဲ့ ပြန်ဆိုမှုတွေက အဆီ အငေါ်မတည့် တာတွေရှိတယ်။ တချို့ဟာတွေ ဆိုရင် မူရင်း အဓိပ္ပာယ်နဲ့ကွဲလွဲပြီး ရယ်စရာလို မျိုးတွေဖြစ်နေတာကိုတွေ့ရပါ တယ်’’ဟု မြန်မာဘာသာ စကား ဖောင်ဒေးရှင်း မှ တာဝန်ခံဒေါက် တာမြင့်ကြည်က အဆင်မပြေမှု များကို ရှင်းပြသည်။

အထက်ပါ အဆင်မပြေမှု များနှင့်ပတ်သက်ပြီး ဂူးဂဲလ်၏ ဘာသာပြန်ဆိုမှု စနစ်အလုပ်လုပ်ပုံနှင့် ဘာသာပြန် ဆိုမှုပို၍ အဆင် ပြေစေရန် ထပ်မံ၍အဆင့်မြှင့်ရ မည့်လုပ်ငန်းများစွာရှိနေသေး သည်။

Google Translate ၏ ဘာ သာပြန်မှုစနစ်ပုံစံမှာ သဒ္ဒါသတ် ပုံစာလုံး များနှင့်ယှဉ်၍ ဘာသာ ပြန်သည့်စနစ်ကို အသုံးပြုထား၍အခြားဘာသာ စကားများမှ မြန်မာဘာသာသို့ ပြန်ဆိုပါက သဒ္ဒါနည်းကျပုံသေနည်းများ အတိုင်း ပြန်ဆိုပေးသည့်အတွက် အဆင်မပြေမှုများ ရှိနေခြင်းဖြစ်ကြောင်း ဂူးဂဲလ်ကဆိုသည်။

‘‘စက်နဲ့ ဘာသာပြန်တဲ့အခါ သဒ္ဒါစာလုံးတွေနဲ့ယှဉ်ပြီး ဘာသာ ပြန်တဲ့အတွက် အတိအကျပြန်ဖို့ ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်က သဒ္ဒါနည်းကျသင် ထားတဲ့အ တိုင်း ပြောလေ့မရှိ တဲ့ အတွက်ပါ’’ဟု ဂူးဂဲလ်မှ ထုတ် ကုန်ဆိုင်ရာ မန်နေဂျာ မစ္စတာ Divon Lan က ဆိုသည်။

ဂူးဂဲလ်သည် ဘာသာပြန် ဝန်ဆောင်မှုကို တိကျစေရန် သဒ္ဒါ စာလုံးများဖြင့် ယှဉ်၍ ပြန်ဆိုသည့် စနစ်အပြင် တိုက်ဆိုင်မှုရှိသော စာလုံးများကိုရှာဖွေကာ ဘာသာ ပြန်ဆိုပေးသည့် စနစ်တစ်ခုကို ထည့်သွင်းပေးထား သည်။

အဆိုပါစနစ်ကို အသုံးပြု မည်ဆိုပါက မြန်မာစကားလုံးများ ၏ အထားအသိုနှင့် အဓိပ္ပာယ်ဖွင့် ဆိုမှုများ ကိုနှိုင်းယှဉ်၍ အနီးစပ် ဆုံးပြန်ဆိုနိုင်မည်ဖြစ်ပြီး အင်တာ နက်ပေါ်တွင် မြန်မာဘာသာ စကားဖြင့် ရေးသား ထားသည့် လေ့လာစရာများ၊ သတင်းအချက်အလက်များ အများအပြားရှိရန် လိုအပ်ကြောင်း ဂူးဂဲလ်က ဆို သည်။

‘‘မြန်မာစာနဲ့ရေးထားတဲ့ အချက်အလက်တွေဟာ အွန်လိုင်းမှ အရမ်းနည်းနေသေးတယ်။ မြန်မာစာ အွန် လိုင်းပေါ် ပိုရောက် လေလေ ဂူးဂဲလ်ရဲ့ ဘာသာပြန် စွမ်းရည်က ပိုမြင့်လေပါပဲ’’ဟု မစ္စတာ Divon Lan က ပြောသည်။မြန်မာစကားသည် ဂူးဂဲလ်မှ၉၀ ခုမြောက် ဘာသာစကား ဖြင် ၎င်းတို့ဝန်ဆောင်မှုတွင် ထည့် သွင်းပေးခဲ့ပြီး ဘာသာပြန်ဆိုမှု တွင် ဝေါဟာရများပြားသည့် အတွက် အခက်အခဲဆုံးသော ဘာသာစကား တစ်ခုလည်းဖြစ် ကြောင်း မစ္စတာ Divon Lan က ဆိုသည်။

အထက်ပါအခက်အခဲများ နှင့် မြန်မာဘာသာပြန်ဆိုမှုအရည် အသွေးများ မြင့်တက်လာစေရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာ ဘာသာစကားဖောင်ဒေးရှင်းမှ မြန်မာစာသဒ္ဒါကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ ဆုံကာ လက်တွေ့ဘာသာပြန်၍ ပြုပြင်မှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မြန်မာစကားမှာ အရပ်သုံး စကားနဲ့ ရုံးသုံးစကားဆိုပြီးတော့ ရှိတယ်။ လက်ရှိမှာတော့ ရုံးသုံး စကားကိုပဲ ပိုပြီးတော့ ပြည့်စုံ အောင်လုပ်ပေး သွားမယ်။ နောက်ပိုင်းကျရင်တော့ အရပ်သုံးစကား တွေကိုပါ ထည့်ပေး သွားပါမယ်’’ ဟု Myanmar Language Foundation မှ တာဝန်ခံဒေါက် တာမြင့်ကြည်က ဆိုသည်။

ဂူးဂဲလ်၏ ဘာသာပြန်ဝန် ဆောင်မှုတွင် ထပ်မံကြုံတွေ့ရ မည့်ပြဿနာ မှာ မြန်မာစာဖောင့် ပြဿနာဖြစ်ပြီး လက်ရှိ တွင် ပြည် တွင်းမှ အသုံးပြုသူ အများစုမှာ ဇော်ဂျီဖောင့်ကို အသုံးပြုနေပြီး အဆိုပါဝန်ဆောင်မှုကို ယူနီ ကုတ် ဖောင့်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်၍ ဇော်ဂျီဖောင့်ဖြင့်သုံးမည်ဆိုပါက မြန်မာစာလုံးများ ဖတ်မရ သည့်ပြဿနာ ကြုံတွေ့ရမည် ဖြစ်သည်။

‘‘ကျွန်တော်တို့က စံစနစ်ဖြစ် တဲ့ ယူနီကုတ်ကိုပဲ ဦးစားပေးသွား ပါမယ်။ Google Translate ကို ဇော်ဂျီနဲ့ လည်းရိုက်ပြီးရှာလို့ရပေမယ့် ဘာသာပြန် ပြီးထွက်လာတဲ့ဟာကိုတော့ ယူနီကုတ်နဲ့ပဲ ဖော် ပြပေးသွားမှာဖြစ် တာကြောင့် ယူနီကုတ်သုံးတဲ့လူတွေအတွက် ပိုပြီးအဆင်ပြေနိုင်ပါမယ်’’ဟု မစ္စတာ Divon Lan က ပြော သည်။

လက်ရှိတွင် ပြည်တွင်း၌ ဇော်ဂျီဖောင့်ကို အများဆုံးအသုံး ပြုနေသော်လည်း နိုင်ငံတကာတွင် စံစနစ်ဖြစ်သည့် ယူနီကုတ်ကိုသာ အသိအမှတ်ပြု အသုံးပြု နေသည့်အတွက် ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးနှင့် ဆက်သွယ်မည်ဆိုပါက မြန်မာ နိုင်ငံတွင်လည်း ယူနီကုတ်ကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Google Translate ဝန် ဆောင်မှုတွင် ကီးဘုတ်ဖြင့်စာ ရိုက်ကာ ဘာသာပြန်ဆိုခြင်း၊ လက်ရေးဖြင့်ရေး ကာ ပြန်ဆိုခြင်း၊ အသံဖြင့်ဘာသာပြန်ခြင်းနှင့် ဘာ သာပြန်လိုသောစာလုံးကို စမတ် ဖုန်းကင်မရာ များဖြင့်ရိုက်ကာ ဘာသာပြန်ခြင်း စသည့်ဝန်ဆောင်မှုများ အသုံးပြုနိုင်သည်။

သို့သော် မြန်မာဘာသာ အတွက် ကီးဘုတ်ဖြင့်စာရိုက်ကာ ပြန်ဆိုသည့် ဝန်ဆောင်မှုတစ်ခုကို သာ အသုံးပြုနိုင်သေးကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း ၌ Google Translate ကို အသုံး ပြုသူဦးရေ သန်းငါးရာကျော်ရှိနေ ပြီး နေ့စဉ် ဘာသာပြန်ဆိုမှုပေါင်း တစ်ဘီလီယံ ခန့် ပြုလုပ်လျက်ရှိ ကာ ဘာသာစကားပေါင်း ကိုး ဆယ်အတွက် အပြန်အလှန်ဘာ သာပြန်ဆိုမှုကို ထောက်ပံ့ပေး ထားသည်။

ဂူးဂဲလ်ထုတ်ကုန်ဆိုင်ရာတာဝန်ခံများ ရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ−ထက်အာကာ)
7Day Daily

No comments:

Post a Comment

My Blog List