Tuesday, February 24, 2015

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး



ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေက တရားမ၀င် မြန်မာအလုပ်သမား ၅၄ ဦး တင်ဆောင်လာတဲ့ ကား ၈ စီးကို ရပ်တန့်ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သ တင်းမှာဖော်ပြပါတယ်။
တရားမ၀င်မြန်မာအလုပ်သမားတွေကို အာရှလမ်းမကြီးကနေ ဘန်ကောက်မြို့ ကို ပို့ဆောင်မယ်လို့ သတင်းရပြီးနောက် တာဝန်ရှိသူတွေက ဒီကနေ့ ကြားဖြတ် ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အယုဒ္ဓယရုံးရဲ့ လက်ထောက် ညွန်ကြားရေးမှူးကပြောပါတယ်။

ဖမ်းဆီးမိသူတွေထဲမှာ မြန်မာအမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၃ ဦးပါဝင်ပြီး အားလုံးကိုတရားမ၀င်ဝင်ရောက် မှုနဲ့ တရားစွဲ နေရပ်ပြန်ပို့မယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ရပ်တန့် ဖမ်းဆီးခဲ့တဲ့ ကား ၈ စီးထဲက ၃ စီးဟာ မီတာတက္ကစီကားတွေဖြစ်ပြီးထိုင်းကားမောင်း သမားတွေကို လည်းဖမ်းဆီးထားကာ အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်မှု အပြင် လူကုန်ကူးမှုနဲ့ပါ တရားစွဲခံရနိုင် တယ်လို့ သတင်းမှာရေးပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာနယ်စပ် တာချီလိတ်တစ်ဖက်ခြမ်းမှာရှိတဲ့ ချင်းရိုင်ခရိုင် မယ်ဆိုင်ကနေ ဘန်ကောက်မြို့ က အလုပ်ရှင်ဆီမှာ အလုပ်လုပ်ဖို့ပို့ ဆောင်ပေးခဲ့ရ တယ်လို့ ကားမောင်းသမားတွေက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List