Friday, February 27, 2015

ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ မဝင်နိုင်ရန် လွှတ်တော်က လုပ်နေသကဲ့သို့ ဖြစ်နေဟု ဆို


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ကြားနာရန်စီစဉ်ဆောင်ရွက်ခြင်းသည် ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ မဝင်စေရန် လွှတ်တော်က အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ဒီမိုကရေစီ ဦးဆောင်လှုပ် ရှားသူများအဖွဲ့ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ဝေဖန်ပြောကြားလိုက် သည်။
ဖေဖော်ဝါရီ ၂၆ ရက်က ဗိုလ်အောင်ကျော်လမ်းရှိ Home ခန်းမတွင်ပြုလုပ်သည့် လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးပွဲမှ သဘောထူထားသော အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ဝေဖန်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကိုနန္ဒစစ်အောင်က ''အစိုးရက ရန်ကုန်မဝင်ရေး ဦးတည်တောင်းဆိုနေ သလိုပဲ လွှတ်တော်ကလည်း မဝင်လာအောင် တမင်တကာ လုပ်နေသလား အကောင်အထည် ဖော်နေသလားလို့ သုံးသပ်နိုင်တယ်'' ဟု ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မတ်လ ၅ ရက်မှ ၁၅ ရက် အထိ အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားပညာရေးဥပဒေနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကြံပြုဆွေးနွေးချက်များကို ကြားနာမည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) တို့၏ မေတ္တာရပ်ခံချက်တွင် အမျိုးသား ပညာရေးဥပဒေကို ပြင် ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ကြားနာမည့် အစီအစဉ်သည် လွှတ်တော်သမိုင်းတွင် ထူးခြားသည့် (ပုံမှန် မဟုတ်သော) အစီအစဉ်အဖြစ် တွေ့မြင်ရသည့်အပြင် အချိန်ဆွဲ သည့် အနေအထားမျိုးဖြစ်သည်ဟု အများကယူဆနိုင်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် များစွာစိုးရိမ် မကင်းဖြစ်မိသည်ဟု ဖော်ပြထားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စာရေးဆရာချစ်ဦးညိုကလည်း '' စာရေး ဆရာတစ်ယောက် ပြည်သူ တစ်ယောက်အနေနဲ့ ပြောရရင်ကြားနာမှုကို မတ်လ ၅ ရက်ကနေ ၁၅ ၇က်အထိ ဘယ်အဖွဲ့ဘယ် အဖွဲ့ဆို ခွဲထားတာရှိတယ်။ အဲ့တာက လွှတ်တော် လုပ်ထုံးလုပ်နည်းအရပဲ လုပ်နေတာလား။ ဘယ်လိုလုပ်နေတာလဲ ဆိုတာသေချာ မသိဘူး''ဟု ပြောသည်။

ယင်းကဲ့သို့ ကြားနာချိန်က ၁ဝ ရက်နှင့် ပြန်လည်ဆွေးနွေးချိန်၊ အမိန့်ထုတ်ပြန်ချိန်၊ ဥပဒေအတည်ပြုချိန်များ ကို စဉ်းစားမိပါက အချိန်ဆွဲသည်ဟု ခံစားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်သည့် မေတ္တာရပ်ခံချက်တွင် အမျိုးသား လွှတ်တော်၏ ကြားနာမည့် အစီ အစဉ်များသည် အစိုးရရပ်တည် ချက်ဖြစ်သည့် ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်မလာစေ ရန် အကောင်အထည်ဖော်ပေးသကဲ့ သို့ဖြစ်နေသည်ဟု ဆိုထားသည်။

အမျိုးသားလွှတ်တော်က ၁ဝ ရက်တာ ကြားနာမည့် အစီအစဉ်ကို ဒီမိုကရေစီ ပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားများ၊ နိုင်ငံရေးပါတီ ၂ဝမှ ကိုယ်စားလှယ်များ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော် မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ပြုလုပ်သွား မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List