ငွေကြေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ဂရိနိုင်ငံကို ချေးငွေဆက်ပြီးထောက်ပံ့ရေး ဥရောပခေါင်းဆောင်တွေနဲ့ သဘောတူညီချက်အရ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်တရပ်ကို ဂရိတာဝန်ရှိသူတွေ တနင်္လာနေ့ နောက်ဆုံးထား တင်ပြရမှာပါ။
ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် ကြွေးရှင်တွေက ကျေနပ်တယ်ဆိုရင် ဒေါ်လာ ဘီလီယံ ၂၇၀ အကူ အညီကို ဂရိအနေနဲ့ ဆက်ရမှာပါ။ ယူရိုငွေကြေး သုံးဒေသနိုင်ငံတွေရဲ့ အကူအညီကို ဂရိနိုင်ငံဆက်ရတဲ့ အတွက် ဒေဝါလီခံ ရနိုင်ခြေကိုရှောင်ရှားပြီး ဂရိမှာ ယူရိုငွေကြေးကို ဆက်ပြီး သုံးစွဲသွားနိုင်မှာဖြစ် ပါတယ်။
တိုက်ပွဲတပွဲကို နိုင်လိုက်ပြီဖြစ်ပေမယ့် စစ်ပွဲကို မနိုင်သေးပါဘူးလို့ ဝန်ကြီးချုပ် Alexis Tsipras က စနေနေ့ မှာပြောပါတယ်။ ဂရိအစိုးရအနေနဲ့ စီးပွားရေး တိုးတက်လာစေဖို့ရာ အခွန်ကောက်ခံတာ ပိုကောင်းရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေလို လုပ်ဆောင်မယ့် အစီအစဉ်တွေ တင်ပြဖို့ ကြိုးစားနေ တယ်လို့ သတင်းတွေကပြောပါတယ်။ ငွေချေးသူတွေကိုအာမခံဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အလုံအလောက်လုပ် ရမယ့် တချိန်တည်းမှာပဲ ဂရိမဲဆန္ဒ ရှင်တွေ ဒေါသထွက်ရတဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ လျော့ပါးသက် သာအောင် တာဝန်ရှိသူတွေက ကြိုးစားနေတာပါ။
အခုသဘောတူညီချက်ကို အောင်မြင်မှုတခုအဖြစ် ဂရိဝန်ကြီးချုပ်က ခေါ်ဆိုပေ မယ့် ရှေ့မှာ တကယ့်အခက် အခဲတွေ ရှိနေတယ်လို့ သတိပေးပါတယ်။
VOA

No comments:
Post a Comment