မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
မြောက်ပိုင်း ကျောင်းသားအရေး အခင်းစာအုပ်တွင် မြောက်ပိုင်းကျောင်းသားတပ်ဖွဲ့အတွင်း အချင်းချင်း ညှဉ်းဆဲသတ်ဖြတ်မှုမှ လွတ် မြောက် လာသော
ကိုယ်တွေ့ ဇာတ်လမ်းကို ပန်းချီထိန်လင်းက စာအုပ်အဖြစ် ရေးသားထုတ်ဝေ
လိုက်သည်။
မြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ထောက်လှမ်း ရေးဟု စွပ်စွဲပြီး ကျောင်းသား အချင်းချင်း သတ်ဖြတ်ခံရခြင်း မှာ အာဏာလုမှုများကြောင့် ဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ပန်းချီထိန်လင်းကပြောသည်။
‘‘ကျောင်းသားအရေးအခင်း က အာဏာအချင်းချင်းလုတဲ့ပွဲ။ တကယ်အရည်အချင်းရှိတဲ့ လူ တွေဆက်ပြီး ဦးမဆောင်နိုင် အောင်လို့ ကျောင်းသားအချင်း ချင်းထောက်လှမ်းရေးဆိုပြီး တ ရစပ်ညှဉ်းဆဲတာ၊ ထောက် လှမ်း ရေးလို့ စွပ်စွဲတာ လွယ်တာပေါ့’’ ဟု ပန်းချီထိန်လင်းကပြောကြား သည်။
စွပ်စွဲခံရသော ကျောင်းသား များ၏ နောက်ခံအခြေအနေကို လက်ရှိ စုံစမ်းသုံးသပ်ရာတွင် ထောက်လှမ်းရေး များပါဝင်ခြင်း မရှိခဲ့ဘဲ ထောက်လှမ်းရေးမျက်နှာ ဖုံးတပ်ပြီး နိုင်ငံရေးအာဏာအ တွက် အချင်းချင်းလုပ် ကြံခြင်းဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရ သူ ၈၀ ကျော်ရှိပြီး ၃၀ ကျော်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ သို့သော် လည်း အခြား ABSDF တပ်ဖွဲ့များ တွင် စဉ်းစားတတ်သူများရှိသော် လည်း အသံမထွက်ရဲသဖြင့် ပိုမိုဆိုးရွား ခဲ့ခြင်းဖြစ်ကြောင်းကျောင်းသားဟောင်းများကဆိုသ ည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက ဖြစ်ပျက်ခဲ့သော တော တွင်းမြောက်ပိုင်းကျောင်းသား အရေးအခင်း တွင် ကျောင်းသား များကို သတ်ဖြတ်မှုများနှင့် ပတ် သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ် တပ်ဦး(ABSDF) ခေါင်းဆောင်အချို့ကို ယခုအစိုးရလက်ထက်တွင် တရား စွဲဆိုထားခြင်းများ ရှိနေသည် ။
ABSDF မြောက်ပိုင်းစခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး ကျောင်းသားများ ညှဉ်းပန်းနှိပ်စက်ခံရပုံကို ပါဖော့မန့် ပြသနေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
7Day Daily
မြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ထောက်လှမ်း ရေးဟု စွပ်စွဲပြီး ကျောင်းသား အချင်းချင်း သတ်ဖြတ်ခံရခြင်း
‘‘ကျောင်းသားအရေးအခင်း က အာဏာအချင်းချင်းလုတဲ့ပွဲ။ တကယ်အရည်အချင်းရှိတဲ့ လူ တွေဆက်ပြီး ဦးမဆောင်နိုင် အောင်လို့ ကျောင်းသားအချင်း ချင်းထောက်လှမ်းရေးဆိုပြီး တ ရစပ်ညှဉ်းဆဲတာ၊ ထောက် လှမ်း ရေးလို့ စွပ်စွဲတာ လွယ်တာပေါ့’’ ဟု ပန်းချီထိန်လင်းကပြောကြား သည်။
စွပ်စွဲခံရသော ကျောင်းသား များ၏ နောက်ခံအခြေအနေကို လက်ရှိ စုံစမ်းသုံးသပ်ရာတွင် ထောက်လှမ်းရေး များပါဝင်ခြင်
အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရ သူ ၈၀ ကျော်ရှိပြီး ၃၀ ကျော်သတ်ဖြတ်ခြင်းခံခဲ့ရကြေ
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက ဖြစ်ပျက်ခဲ့သော တော တွင်းမြောက်ပိုင်းကျောင်းသာ
ABSDF မြောက်ပိုင်းစခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး ကျောင်းသားများ ညှဉ်းပန်းနှိပ်စက်ခံရပုံကို
7Day Daily
No comments:
Post a Comment