Monday, February 23, 2015

မြန်မာ့ရုပ်ရှင်အဖွဲ့က ကိုးကန့်အဖွဲ့နဲ့ အပေါင်းပါကို ရှုတ်ချ


ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကိုးကန့်ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးတဲ့ အဖွဲ့အစည်း မှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထား ပါတယ်။
တဆက်တည်းမှာပဲ အသက်ကိုပေးပြီး တိုက်ခိုက်မှုလုပ်နေတဲ့ မြန်မာ စစ်သားတွေကို လေးစား ဂုဏ် ယူကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်အရုံးက အဲလို ထုန်ပြန်ထားတဲ့အပေါ် တချို့ကတော့ အစိုးရကို ဖားတဲ့အနေနဲ့ ထုတ်ပြန်တာလို့ ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လောက်ကိုင်ဒေသအနီး ဖြတ်သွားတဲ့ ကြက်ခြေနီ ကားတစ်စီး ထပ်မံ တိုက်ခိုက်ခံရ တဲ့အတွက် လူငါးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါဟာ တပါတ်အတွင်း ကြက်ခြေနီ ယာဉ်တန်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရတာပါ။

ဒီတချီမှာတော့ လူပေါင်း ၁၃ ယောက် တင်ဆောင်လာတဲ့ ကားက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီကားပေါ် မှာ အရပ်သားနဲ့ ပြည်တွင်း သတင်းသမားတချို့ ပါဝင်ပါတယ်။

ကြက်ခြေနီဝန်ထမ်းတစ်ဦး၊ သတင်းသမားတစ်ဦးနဲ့ အရပ်သား သုံးဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာ့ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းတုန်းကလည်း ကြက်ခြေနီ ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ဦး ဒဏ်ရာရ ခဲ့ပါတယ်။

ကိုးကန့်အဖွဲ့ကတော့ သူတို့အဖွဲ့အနေနဲ့ မလုပ်ရဘူးလို့ ငြင်းဆိုလိုက်သလို ပြည်သူနဲ့ ကိုးကန့်တပ်တွေ အကြား တင်းမာမှုတွေ ဖြစ်လာအောင် အစိုးရစစ်တပ်က ဖန်တီးတာ ဖြစ်မယ်လို့ ပြောလိုက်ပါတယ်။

အခု ရက်ပိုင်းအတွင်း မြန်မာ စစ်တပ်က ရဟတ်ယာဉ်တွေ သုံးပြီးတော့ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ လည်း ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာ စစ်တပ်ကတော့ ကိုးကန့်အဖွဲ့ကို တရုတ်နိုင်ငံက ကြေးစားစစ်သားတွေ ကူညီ တိုက်ခိုက်ပေးနေတယ်လို့ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဖမ်းမိထားတဲ့ ကိုးကန့်အဖွဲ့သားတွေကို စစ်ဆေးမေးမြန်းမှုနဲ့ လက်နက်ချခဲ့တဲ့ လူတွေရဲ့ ပြောပြချက်အရ ကိုးကန့်အဖွဲ့ကို တရုတ်ကြေးစား စစ်သားတွေ ကူညီနေတယ်လို့ ယူဆနိုင်ကြောင်း ပြောသွားခဲ့တာပါ။

ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် မြန်မာဘက်က ရဲနဲ့ စစ်သား ၆၁ ယောက် ကျဆုံးပြီး ကိုးကန့်ဘက်က ၇၂ ယောက် ကျဆုံးသွားပြီလို့လည်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List