Thursday, February 26, 2015

မလေးရှားအတိုက်အခံ ခေါင်းဆောင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းခံ


မကြာသေးမီက လိင်တူကျုးလွန်မှု စွဲချက်ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် မလေးရှားအတိုက်အခံ ခေါင်းဆောင် အန် ဝါအီဘရာဟင်၏ မိသားစု သည် ၎င်းအားပြစ်ဒဏ်မှ လွတ် မြောက်နိုင်ရန် ဘုရင်ထံ တော်ဝင် လွတ်ငြိမ်း ချမ်းသာခွင့် တောင်း ခံခဲ့သည်။


အန်ဝါ၏မိသားစုက အန်ဝါ သည် နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်ကာထောင်ထဲတွင်ကျန်းမာရေးအခြေ အနေ မှာ သေဆုံး သည်အထိ အန္တရာယ်ရှိနိုင် ကြောင်း ဆိုသည်။

တော်ဝင်လွတ်ငြိမ်းချမ်းသာ ခွင့် တောင်းခံခြင်းမှာ အန်ဝါအား နိုင်ငံရေးတွင် ပါဝင်ခွင့်ပိတ်ပင် ထားခြင်းကို ဆိုင်းငံ့ပေးရန် တောင်းဆိုခြင်းလည်းဖြစ်သည်။

အန်ဝါသည် လက်ရှိအာ ဏာရ ညွန့်ပေါင်းအစိုးရကို ခြိမ်း ခြောက်နိုင်သည့် တစ်ဦးတည်း သော ပြိုင် ဘက်ခေါင်းဆောင် လည်း ဖြစ်သည်။

မလေးရှားအခြေခံ ဥပဒေ အရ အန်ဝါသည် ၎င်းကို စွပ်စွဲ ထားသည့် အမှုအတွက် ၁၄ ရက် အတွင်း အယူခံမဝင်ခဲ့လျှင် နိုင်ငံ ရေးလောကတွင် ပါဝင်ခွင့် ငါးနှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။

‘‘အခြေခံဥပဒေအရ လွတ် ငြိမ်းချမ်းသာခွင့် တောင်းခံတဲ့ဖြစ် စဉ်အပေါ်မှာ ယုံကြည်မှုရှိပါ တယ်။ အချက် အလက်တွေကို သေချာဆန်းစစ်ပြီး နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှု မပါဘူးဆိုရင် တရားမျှတမှုရလိမ့်လို့ ယုံပါတယ်’’ ဟု အန်ဝါ၏သမီးဖြစ်သူ နူရယ်နူ ဟာ အန်ဝါက ဆိုသည်။

အန်ဝါသည် တရားရုံးချုပ် တွင် အယူခံတင်ခဲ့သော်လည်း ပယ်ချခံရပြီးနောက်ဖေဖော်ဝါရီ ၁၀ ရက် တွင် ထောင်ဒဏ်စတင် ကျခံခဲ့ရခြင်းဖြစ်သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List